စစ်​ကိုင်းတိုင်း​တွင် အရိပ်​ရသစ်​ပင်​ ၁၀၀၀ ​​ကျော်​စိုက်​ပျိုး

August 19, 2018

စစ်​ကိုင်းတိုင်း​တွင် အရိပ်​ရသစ်​ပင်​ ၁၀၀၀ ​​ကျော်​စိုက်​ပျိုး

စစ်​ကိုင်းတိုင်း​ဒေသကြီး စစ်ကိုင်းမြို့နယ် အောင်စည်ပင်ကျေးရွာမှာ သစ်တောဦးဌာနက ဦးစီးပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းအဖွဲ့တွေနဲ့ အရိပ်​ရသစ်​ပင်​ ၁၀၀၀ ​​ကျော်​ သြဂုတ်လ ၁၈ ရက်နေ့က စိုက်ပျိုးခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဋ္ဌာနနဲ့ စိမ်း​ရောင်စို Activities မန္တလေး၊ မန္တလေးသူငယ်ချင်းများ၊ အစိမ်းရောင်ပုံရိပ်(ပလိပ်)၊ Green Justic Institute နဲ့ ဒေသခံများ ပူးပေါင်းပြီး ကျွန်း၊ ယင်းမာ၊ မန်ကျည်း၊ ဗန်ဒါ၊ စွယ်တော်တည် စ​တဲ့ အရိပ်ရသစ်ပင် ၁၂၀၀ လောက်ကို စိုက်ပျိုးခဲ့ကြတာပါ။ မန္တ​လေးစိမ်း​ရောင်​စိုအဖွဲ့က တာဝန်​ရှိသူ ဦးမင်းထက်​ငြိမ်းချမ်းက “အဓိကအ​နေနဲ့ အခုလို စိုက်​ရတာက သဘာဝပတ်​ဝန်းကျင်​ကို ထိန်းသိမ်းပြီးသားလည်း ဖြစ်​တယ်​။ အရိပ်​လည်း ရ​စေတယ်​။ စက်​မှုဖွံ့ဖြိုးလာတဲ့ နိုင်​ငံတနိုင်​ငံလည်းဖြစ်​​တော့ စက်​တပ်ယာဉ်​​တွေက များလာ​တော့ အဲဒီကထွက်​တဲ့ ကာဗွန်ဒိုင်​​အောက်​ဆိုဒ်​​တွေကို အဓိက ထားပြီး ကာကွယ်​​စေချင်​တာလည်း ပါတယ်​။ ​​လေ​ကောင်း​လေသန့်​ကို ထုတ်​​ပေးနိုင်​တာ သစ်​ပင်​​တွေပဲ​လေ အဲတာ​ကြောင့် သစ်​ပင်​​တွေများများ စိုက်​ကြ​​​စေချင်​တယ်​။ ကျ​နော်​တို့အခုဆိုရင်​ စစ်​ကိုင်းမြို့နယ်​ထဲက ​အောင်​စည်​ပင်​​ကျေးရွာအဝင် ​လမ်း​ဘေးဝဲယာနဲ့ မူလတန်း​ကျောင်းထဲမှာ အရိပ်​ရအပင်​ ၁၀၀၀ ကျော်​စိုက်​ခဲ့ကြတာပါ။ ​နောင်​လာမယ့်နှစ်​မှာလည်း လိုအပ်​​နေတဲ့​ ကျေးရွာတွေကို သွားပြီး အခုလို အရိပ်​ရအပင်​​တွေ ဆက်​ပြီးစိုက်​သွားမယ်​” လို့ ​ပြောပါတယ်။ ​အောင်​စည်​ပင်​​ကျေးရွာကို အရိပ်​ရအပင်​​တွေ သွား​ရောက်​စိုက်​ပျိုးရာမှာ ​ရွာဦး​ကျောင်း ဆရာ​တော်​နဲ့ သံဃာ​တော်တွေ၊ ဒေသခံရွာသူရွာသား ၁၀၀ နီးပါးက အရိပ်​ရအပင်​တွေကို လာ​ရောက်​ကူညီစိုက်​​ပေးခဲ့ကြပါတယ်။
5 years Ago
Up