စစ်သွေးကြွ ၃၉၄

January 28, 2018

စစ်သွေးကြွ ၃၉၄ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း တူရကီသမ္မတ ပြော

တူရကီနဲ့ ဆီးရီးယားလွတ်မြောက်ရေးတပ် မဟာမိတ်တွေဟာ စစ်သွေးကြွ ၃၉၄ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။ တူရကီ အစိုးရရဲ့ ဝေဟင်နဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဆီးရီးယား အနောက်မြောက်ပိုင်း အာဖရင်ဒေသရှိ ကာ့ဒ်စစ်သွေးကြွတွေကို ထိုးစစ်ဆင်နွဲနေတာပါ။ အဲဒီထိုးစစ်မှာ ဆီးရီးယား လွတ်မြောက်ရေးတပ် (FSA)  သူပုန်တွေ ပူးပေါင်း ပါဝင်နေတာဖြစ်ပါတယ်။ တစ်ဖက်ကလည်း အမေရိကန် ကျောထောက်နောက်ခံပြု ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ဝင်တွေ(SDF)ဟာ သမ္မတအာဆက် အစိုးရကို တိုက်ခိုက်နေပါတယ်။ တူရကီ သမ္မတ အာဒိုဂန်က “ဒ်ီမနက် ရရှိတဲ့ သတင်းအရ အကြမ်းဖက်သမား ၃၉၄ ဦး ကို သုတ်သင်နိုင်ခဲ့ပါပြီ။ ကျနော်တို့နဲ့ ဆီးရီးယားလွန်မြောက်ရေးတပ် (FSA)က စစ်သည် ၂၀ ကျဆုံးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဗြိတိန် အခြေစိုက် လူအခွင့်ရေး စောင့်ကြည်ရေ့းအဖွဲ့က အဲဒီ ထိုးစစ်ကြောင့် ကာ့ဒ် စစ်သွေးကြွ ၅၉ ဦး နဲ့ တူရကီ ထောက်ခံတဲ့ ဆီးရီးယားလွတ်မြောက်ရေးတပ် (FSA)  မှ ၆၉ ဦး သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တူရကီ စစ်သည် ၇ ဦး ကျဆုံးခဲ့ပြီး နောက် ၇ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ဇန်န၀ါရီ ၂၇ ရက်နေ့က တူရကီနယ်စပ်မြို့ ချီလီစ်ကို ဒုံးကျည် ထိမှန်ခဲ့ပါတယ်။ အဲဒီ် ဒုံးကျည်ကို  ဆီးရီးယား အာဖရင်ဒေသက ပစ်ခတ်ခဲ့တာဖြစ်ပြီး လူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ တူရကီ သတင်းအေဂျင်စီက ဆိုပါတယ်။ ဇန်န၀ါရီ ၂၇ ရက်က တူရကီအစိုးရဟာ သူတို့ ပစ်မှတ်ထား တိုက်ခိုက်မယ့် ဆီးရီးယားနိုင်ငံ မန်ဘစ်ဂ်ျမြို့ကနေ အမေရိကန် တပ်ဖွဲ့တွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီလို တူရကီက ဆီးရီးယားမှာ ထိုးစစ်ဆင်နွဲနေတဲ့အတွက် နေတိုးအဖွဲ့ဝင် အမေရိကန်နဲ့တူရကီ နှစ်နိုင်ငံ  ဆက်ဆံရေး အခြေအနေ ဆိုးရွားခဲ့ပါတယ်။
3 years Ago
Up