ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ပြေးဆွဲနေတဲ့ ရထားဘူတာ ၂ ခုကို စစ်သွေးကြွတွေ တိုက်ခိုက်နိုင်တဲ့ အန္တရာယ်ကြောင့် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပိတ်ပစ်ခဲ့ရပါတယ်။
နှစ်သစ်ကူး အကြိုကာလ တိုက်ခိုက်နိုင်တဲ့အကြောင်း ကြိုတင်သတင်း ရရှိခဲ့တယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။
ရဲအဖွဲ့ရဲ့ တွစ်တာ စာမျက်နှာမှာလည်း မြူးနစ်တ၀ိုက်မှာ တိုက်ခိုက်မှု ဖြစ်လာနိုင်တဲ့အတွက် လူစုလူဝေးတွေကို ရှောင်ရှားကြဖို့၊ ကားဂိတ်ကြီးတွေနဲ့ ဘူတာရုံကြီးတွေကို ရှောင်ကြဖို့ သတိပေးခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် ဇန်န၀ါရီ ၁ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး သူတို့ရရှိတဲ့သတင်းဟာ ခိုင်လုံမှုရှိတယ်လို့ ဆိုပါတယ်။
အသေခံ အကြမ်းဖက်သမားတွေ တိုက်ခိုက်နို်င်တဲ့နေရာ၊ တိုက်ခိုက်မယ့် အချိန်တွေကို အတိအကျ ရရှိခဲ့တဲ့အတွက် ရထားဘူတာ ၂ ခုကို ပိတ်ပစ်ခဲ့တာလို့ ပြောပါတယ်။
တခြား မြို့ကြီးတွေမှာလည်း လုံခြုံရေး သတိပေးချက် ထုတ်ပြန်ထားရပါတယ်။
7 years Ago