ဝါရှင်တန်ဒီစီမြို့ပေါ်က လမ်းတွေပေါ် လှည့်လည်မယ့် စစ်ပြန်စစ်မှုထမ်းဟောင်းများနေ့ စစ်ရေးပြပွဲကို ၂ဝ၁၉ ခုနှစ် မတိုင်ခင်အထိ ဆိုင်းငံ့ထားတယ်လို့ အမေရိကန် ကာကွယ်ရေးအရာရှိတွေက ပြောပါတယ်။
ဒီစစ်ရေးပြပွဲဟာ ပထမကမ္ဘာစစ်ဖြစ်ပွားမှု နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ စစ်ပြန်တွေကို ဂုဏ်ပြုဖို့ အစောပိုင်းတုန်းက စီစဉ်ထားတာပါ။
အခုတော့ ဒီစစ်ရေးပြပွဲကို တနှစ်လောက် နောက်ဆုတ်မယ်ဆိုပြီး ပင်တဂွန်စစ်ဌာနချုပ် အရာရှိတဦးက ပြောထားတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
ကနဦးထုတ်ပြန်ထားတဲ့ တွက်ချက်မှုတွေအရ ဒီပွဲအတွက် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်း ၉ဝ လောက်ရှိမှာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၂ဝ၁၇ ပြင်သစ်အမျိုးသားနေ့ အခမ်းအနားကို တက်ရောက်ပြီးတဲ့နောက် အဲဒီပွဲထက်သာတဲ့ စစ်ရေးပြပွဲပြုလုပ်ဖို့ တောင်းဆိုခဲ့တယ်လို့လည်း ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
4 years Ago