ထိုင်ဝမ်မှာ ဒေသတွင်း တင်းမာမှုတွေ လတ်တလော ပိုတိုးလာချိန်မှာ နှစ်စဉ်လုပ်နေကျ စစ်ရေးလေ့ကျင့်မှုကို ဇန်န၀ါရီ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ထိုက်ကျုံးမြို့မှာ ပထမဆုံး လေ့ကျင့်မှုအတွင်း တကယ့်စစ်ပွဲ ပုံစံတူကို အတုယူ လေ့ကျင့်မှုတွေလည်း ပါပါတယ်။
တရုတ် လေယာဉ်တင် သင်္ဘော လျောင်နင်းက ဦးဆောင်တဲ့ တရုတ်စစ်သင်္ဘော အုပ်စုတစု တိုင်ဝမ် ရေလက်ကြားကို အရင်အပတ်က ဝင်ရောက်လာအပြီး ဘယ်လို ပြည်ပခြိမ်းခြောက်မှုကို မဆို ရင်ဆိုင်ဖို့ ထိုင်ဝမ်က ပြင်ဆင်ခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။
ဘယ်လိုပြင်ပ ခြိမ်းခြောက်မှုတွေ ရှိနေပါစေ စစ်ရေးလေ့ကျင့်မှုတွေနဲ့ နီးစပ် အသားကျမှု ထပ်အားဖြည့်မယ်။ ဒါမှ အထွေထွေ သင်တန်းနဲ့ အမိန့်ပေး ညွှန်ကြားချက်တွေကို ပိုကောင်း ကောင်း နားလည်မှု လာစေလိမ့်မယ်။
ဒါက သိပ်ကို အရေးကြီးတယ်။ တကယ့် တိုက်ခိုက်မှု အဆင်သင့် ဖြစ်ရမယ့် အချိန်ရောက်ရင် ဖြစ်လာမှ တုန့်ပြန်တာထက် စာရင် ဖြစ်နိုင်တဲ့ အခြေအနေကို ပိုပြီး ဖန်တီးယူနိုင်ဖို့ လိုအပ်တယ်ဆိုတာလည်း သတိပေးနေတယ်လို့ ထိုင်ဝမ် အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ချန်ကျုံးကျီက ပြောပါတယ်။
တရုတ်အစိုးရကတော့ အငြင်းပွား တောင်တရုတ် ပင်လယ်အတွင်း လျောင်နင်း သင်္ဘောဟာ လက်နက်နဲ့ ပစ္စည်းကိရိယာတွေကို စမ်းသပ်ဖို့ လေ့ကျင့်နေခဲ့တာလို့ ပြောပါတယ်။ သူ့လှုပ်ရှားမှုဟာလည်း နိုင်ငံတကာ ဥပဒေနဲ့ အညီပဲလို့ ဆိုပါတယ်။
ထိုင်ဝမ် စစ်ရေးလေ့ကျင့်မှုကို ဇန်နဝါရီ ၁၇ နဲ့ ၁၈ တို့မှာ လေ့ကျင့်တာ ဖြစ်ပါတယ်။
6 years Ago