စစ်ရေးလေ့ကျင့်မှု

September 28, 2018

စစ်ရေးလေ့ကျင့်မှုအတွင်း ရုရှားတိုက်လေယာဉ်များ ဒုံးကျည်အစင်း ၄၀ ကျော် ပစ်ခတ် (ရုပ်သံ)

ရုရှားတိုက်လေယာဉ်တွေဟာ ပင်လယ်နက်ထဲမှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေအတွင်း ဒုံးကျည်အစင်း ၄၀ ကျော် ပစ်ခတ်ခဲ့ပြီး ဗုံးအလုံး ၂၀ ကျော် ကြဲချ လေ့ကျင့်ခဲ့ပါတယ်။ တိမ်တွေနဲ့ ကမ်းရိုးတန်း အထက်ကောင်းကင်မှာ ပျံသန်းနေတဲ့ တိုက်လေယာဉ်တွေဟာ ဗုံးတွေနဲ့ ဒုံးကျည်တွေ ကြဲချပစ်ခတ်နေတဲ့ ဒီဗွီဒီယိုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်လိုက်တာပါ။ ဒီလေ့ကျင့်မှုနဲ့ပတ်သက်ပြီး ပင်လယ်နက်ထဲက ပစ်မှတ်တွေကို အောင်အောင်မြင်မြင်နဲ့ ထိအောင် ပစ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။
3 years Ago

September 11, 2018

ဘာရိန်းတွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်ခန်းတွင် အမေရိကန်နှင့် ဗြိတိန် ရေတပ်သင်္ဘောများ ပါဝင်

ဘာရိန်းနိုင်ငံကမ်းလွန် ပင်လယ်ကွေ့မှာ စက်တင်ဘာ ၁၀ ရက်နေ့က ပြုလုပ်တဲ့ စစ်ရေး လေ့ကျင့်ခန်းအတွင်း အမေရိကန်နဲ့ ဗြိတိန် ရေတပ်သဘောင်္တွေ ပါဝင်ခဲ့ကြပါတယ်။ ဒီစစ်ရေးလေ့ကျင့်ခန်းအတွင်း ရေအောက် ပုံမှန်မဟုတ်တဲ့ အရာတွေကို ထောက်လှမ်းတဲ့ ဆိုနာကိရိယာတွေကို အသုံးပြုခဲ့ပါတယ်။ ပင်လယ်ရေအောက်အတွင်း မိုင်းတွေကို ချပြီးနောက် အဲဒီ ဆိုနာကိရိယာကို ရေအောက်မှာထားရှိ ထောက်လှမ်းတာပါ။ အဲဒီနောက်မှာ  ဆိုနာနောက်ကနေ လိုက်ပြီး  ရေအောက်မှာ စိတ်ဝင်စားဖွယ်အရာ ရှိမရှိ၊ စုံစမ်းဖော်ထုတ်ဖို့ လိုမလို ထောက်လှမ်းတာပဲ ဖြစ်ပါတယ်။ အဲဒီလို စစ်ရေးလေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်တယ်လို့လည်း အမေရိကန်ရေတပ် တာဝန်ရှိသူတဦးက ပြောပါတယ်။
3 years Ago
More News
Up