စစ်ရေးအသုံးစရိတ် တိုးမြှင့်မည်ဟု တရုတ်ကြေညာ

A d v e r t i s e m e n t With Us

March 5, 2016

စစ်ရေးအသုံးစရိတ် တိုးမြှင့်မည်ဟု တရုတ်ကြေညာ

တရုတ်နိုင်ငံရဲ့ စစ်ရေး အသုံးစရိတ်ကို ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်မယ်လို့ အစိုးရက မတ် ၅ ရက်နေ့က ကြေညာပါတယ်။ ဒါကြောင့် ဒီနှစ် စစ်ရေး အသုံးစရိတ်ဟာ တရုတ်ယွမ်ငွေ ၉၅၄ ဘီလီယံ ကျော် (အမေရိကန် ဒေါ်လာ ၁၄၆ ဘီလီယံ) ကျော် ရှိလာမှာ ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ နှစ်ပတ်လည် ကွန်ဂရက် ညီလာခံ စတင်တဲ့နေ့မှာပဲ အစိုးရက အခုလို ကြေညာလိုက်တာပါ။ ညီလာခံကို နိုင်ငံတ၀ှမ်းက ကိုယ်စားလှယ် ၃၀၀၀ ၀န်းကျင် တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီနှစ် ကွန်ဂရက်မှာ အဓိကထား ဆွေးနွေးမယ့် အကြောင်းအရာတွေထဲ ရှေ့လာမယ့် ၅ နှစ်အတွက် စီးပွားရေး စီမံကိန်းကိစ္စက ထိပ်ဆုံးမှာ ပါဝင်ပါတယ်။ ပါတီ ကွန်ဂရက်ကို ၀န်ကြီးချုပ လီကီချမ်းရဲ့ မိန့်ခွန်းနဲ့ ဖွင့်ပြီး ၁၂ ရက်တာ ကျင်းပမှာပါ။ ရှေ့လာမယ့် နှစ်တွေအတွင်းမှာ တိုင်းပြည်စီးပွားရေးကို ၆ ဒသမ ၅ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်း တိုးတက်အောင် စွမ်းဆောင်ဖို့ ရည်မှန်းချက် ချမှတ်ဖွယ် ရှိပါတယ်။
5 years Ago
Up