စစ်ရေးတင်းမာ

April 14, 2018

တရုတ်နှင့်တင်းမာနေချိန် ထိုင်ဝမ်က စစ်ရေးလေ့ကျင့်၊ သမ္မတကိုယ်တိုင် ကြီးကြပ်

တရုတ်ပြည်မကြီး အစိုးရနဲ့ တင်းမာမှုတိုးနေချိန်မှာ ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်က ထိုင်ဝမ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို ဧပြီ ၁၃ ရက်နေ့က ကြီးကြပ်နေပါတယ်။ ဒါဟာ ၂၀၁၆ မှာ သမ္မတ ဖြစ်လာအပြီး ပထမဆုံးကြီးကြပ်မှုလည်း ဖြစ်ပါတယ်။ တရုတ်ရေတပ်က ဧပြီ ၁၈ ရက်နေ့ကစပြီး  ထိုင်ဝမ်ရေလက်ကြားမှာ ပစ်ခတ်မှုပါတဲ့ စစ်ရေးလေ့ကျင့်မှုတွေလုပ်မယ့် အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။ တရုတ်ရဲ့ ကြေညာချက်အပြီး ရက်ပိုင်းအတွင်း ပစ်ခတ်လေ့ကျင့်မှုတွေ မပါတဲ့ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်က စတင်လိုက်တာပါ။ တရုတ်သမ္မတနဲ့ပြိုင်ဖို့ ရည်ရွယ်သလားလို့ သတင်းထောက်က မေးရာမှာ ထိုင်ဝမ် သမ္မတက အခြေအနေကို ပိုပြီး အဓိပ္ပာယ်မဖော်ဖို့ တိုက်တွန်းပါတယ်။ ထိုင်ဝမ်စစ်တပ်ဟာ ပဋိပက္ခတွေအတွက် အချိန်တိုင်း မနားမနေ ပြင်ဆင်နေတယ်၊ ဒီနေ့ ဒီကိုလာတဲ့ အကြောင်းရင်းက စစ်တပ်ရဲ့ ပြင်ဆင်ထားမှုကို စမ်းသပ်ဖို့ပဲ၊ စစ်ဆေးရုံ သက်သက် မဟုတ်ဘဲ စစ်တပ်ရဲ့ အဆင်သင့်ဖြစ်မှုကို ဆက်တိုက် စစ်ဆေးမှုတွေရဲ့ အစပဲ ရှိသေးတယ်လို့ ထိုင်ဝမ် သမ္မတက ပြောပါတယ်။  
3 years Ago
Up