စစ်ရေးတင်မာနေချိန် မြောက်ကိုရီးယားခေါင်းဆောင် တပ်ကို စစ်ဆေးသည့် ဓာတ်ပုံများ ထုတ်ပြန် (ရုပ်သံ)

A d v e r t i s e m e n t With Us

February 28, 2016

စစ်ရေးတင်မာနေချိန် မြောက်ကိုရီးယားခေါင်းဆောင် တပ်စစ်ရေးလေ့ကျင့်မှု စစ်ဆေးသည့် ဓာတ်ပုံများ ထုတ်ပြန် (ရုပ်သံ)

ကိုရီးယား ကျွန်းဆွယ်ဒေသမှာ စစ်ရေး တင်းမာမှု မြင့်တက်နေချိန်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက သူ့တပ်တွေကို စစ်ဆေးခဲ့တဲ့ ဓာတ်ပုံတွေကို သူ့အစိုးရပိုင် မီဒီယာက ထုတ်ပြန်ပါတယ်။ KRT ရဲ့သတင်းအရ မြောက်ကိုရီးယားတပ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဒုံးခွင်းဒုံး စနစ် အသစ်တွေလည်း ပါဝင်ပြီး ကင်ဂျုံအန်းက အနီးကပ် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားက ထုတ်လိုက်တဲ့ လေဇာ စနစ်ထိန်း ရောကတ်ဒုံးကျည်ဟာ ကမ္ဘာမှာ အကောင်းဆုံး ဖြစ်တယ်လို့ ကင်ဂျုံအန်းက ပြောဆိုတယ်လို့ KRT သတင်းက ဆိုပါတယ်။ ကင်ဂျုံအန်းနဲ့အတူ ထိပ်တန်း အရာရှိတွေလည်း ခြံရံလိုက်ပါခဲ့ကြတယ်လို့ သတင်းကဆိုပေမယ့် ထုံးစံအတိုင်းပဲ ဘယ်နေရာမှာ ဘယ်အချိန်တုန်းက စစ်ရေးလေ့ကျင့်ခဲ့သလဲဆိုတာကိုတော့ သတင်းမှာ မဖော်ပြပါဘူး။ မြောက်ကိုရီးယားက ဇန်န၀ါရီ ၆ ရက်နေ့တုန်းက နျူယူးကလီးယား စမ်းသပ်ခဲ့ပြီးနောက် ကိုရီးယား ၂ နိုင်ငံကြားမှာ နိုင်ငံရေး တင်းမာမှု မြင့်တက်နေပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်ကပဲ ကုလသမဂ္ဂက လုံခြုံရေးကောင်စီမှာ အမေရိကန်က ဆုံးဖြတ်ချက် မူကြမ်းကို တင်ခဲ့ပြီး မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးမြှင့်ဖို့ အချက်တွေ ပါဝင်ပါတယ်။
5 years Ago
Up