စစ်ရေယာဉ်

July 6, 2019

စင်ကာပူ စစ်ရေယာဉ် ၂ စီး သီလ၀ါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာ

မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ စင်ကာပူရေတပ်မှ စစ်ရေယာဉ်  ၂ စီးဟာ ဇူလိုင် ၅ ရက်နေ့က သီလ၀ါဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာသွားပါတယ်။ စစ်ရေယာဉ် RSS VALOUR နဲ့ RSS VALIANT တို့ဟာ ဇူလိုင် ၅ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားကနေ ပြန်လည်ထွက်ခွာသွားတာဖြစ်ပြီး တပ်မတော်(ရေ)မှ တာဝန်ရှိသူတွေနဲ့ စစ်သည်တွေ ပို့ဆောင်နှုတ်ဆက်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ အဆိုပါ စစ်ရေယာဉ်တွေမှာ Senior Lieutenant Colonel Nicholas Tan Boon Hwee ဦးစီးပြီး အရာရှိ၊ စစ်သည်စုစုပေါင်း ၁၄ဝ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံမှာ ဇူလိုင် ၃ ရက်ကနေ သုံးရက်ကြာခရီးစဉ် ကာလအတွင်း နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေ၊ ယှဉ်ပြိုင်ကစားတာနဲ့ ရန်ကုန်မြို့ရှိ အထင်ကရ နေရာတွေကို လေ့လာလည်ပတ်တာတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
3 years Ago
Up