မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
စစ်ဘေးရှောင်များနေရပ်ပြန်
Home
စစ်ဘေးရှောင်များနေရပ်ပြန်
February 15, 2019
1.4K
ကျောက်တော်မှ စစ်ဘေးရှောင် ၃၀၀ ခန့် နေရပ်ပြန်
တပ်မတော်နဲ့ အေအေတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က စစ်ဘေးရှောင်ရွာသား ၃၀၀ လောက်ဟာ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက နေရပ်ပြန်သွားကြပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာက လူဦးရေ ၃၀၀ ဝန်းကျင်ဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာကို ထွက်ပြေးရောက်ရှိလာခဲ့ကြပြီး ဖေဖော်ဝါရီ ၁၃ ရက်ညက အားလုံးပြန်သွားပြီလို့ ယိုးတရုတ်ရွာ အုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းက ဒီဗွီဘီကိုပြောပါတယ်။
“မနေ့က တယောက်မကျန် ပြန်သွားကြပါပြီ။ ပြန်သွားတာကတော့ အသုတ်လိုက်ပေါ့။ ပထမဆုံး အိမ်ထောင်စု ၉၁ စုနေခဲ့တယ်။ ပြီးမှ ၃ စုပြန်တယ်။ ၅ စု ပြန်တယ်။ နောက်ဆုံးတော့ ၆၈ စုလောက်ကျန်တယ်။ အဲလို အားလုံး ပြန်သွားကြတာပါ။ ကျနော်တို့ရွာကို ၁၀ ရက် နေ့ ညနေပိုင်း ၃ နာရီက ရောက်တယ်။ ၁၃ ရက်နေ့ ၁၂ နာရီခွဲမှာ ပြန်သွားကြတယ်”လို့ပြောပါတယ်။
ချောင်းတူကျေးရွာဒေသခံတွေဟာ ယိုးတရုတ်ကျေးရွာမှာ လေးရက်လောက်နေခဲ့ကြပြီး လက်ရှိမှာတော့ အဲ့ဒီဒေသမှာ တည်ငြိမ်နေပြီဖြစ်တဲ့အတွက် နေရပ်ကို ပြန်ရောက်နေကြပြီ ဖြစ်တယ်လို့ ချောင်းတူကျေးရွာဒေခံ ဦးစံသာထွန်းက ပြောပါတယ်။
“အခုတော့ တည်ငြိမ်နေပြီ။ စစ်သားတွေလည်း အသွားအလာမရှိတော့ဘူး။ ရွာမှာ အကုန်ရောက်နေပြီ။ လုပ်စားကိုင်စားဖို့ကတော့ တော၊ တောင်ကို မဝင်ရဲဘူး။ ရွာထဲမှာပဲ နေကြရတယ်။ ကြောက်အားတကြီးနဲ့ မဝင်ရဲဘူးလေ။ စစ်သားတွေ မမြင်တာတော့ ၃ ရက်၊ ၄ ရက်လောက်ရှိနေပြီ။ ကျနော်တို့ရွာမှာက တောကို၊ တောင်ကိုမှီလို့ စားနေကြတာ” လို့ ပြောပါတယ်။
လက်ရှိမှာ ဒေသပြန်လည် တည်ငြိမ်စပြုနေပြီဆိုပေမယ့် တော၊ တောင်တွေကို မှီခို လုပ်ကိုင် စားသောက်နေရသူတွေဖြစ်လို့ ကြောက်လန့်ပြီး အပြင်မထွက်ရဲတော့ပဲ လက်ရှိမှာတော့ ဒေသခံတွေ စားဝတ်နေရေး အခက်အခဲကြုံရတယ်လို့ လည်းချောင်းတူ ကျေးရွာဒေသခံတွေက ပြောတယ်။
တပ်မတော်နဲ့ အေအေ (ရက္ခိုင့်တပ်မတော်) တို့ တိုက်ပွဲတွေဟာ အစပိုင်းမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ဖြစ်ပွားခဲ့ပေမယ့် လက်ရှိမှာတော့ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ အမ်းမြို့နယ်တို့အထိ ကူးစက်ဖြစ်ပွားလာနေပါတယ်။
ဒါပေမယ့် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြို့နယ်လေးမြို့နယ်က ထွက်ပြေးလာကြတဲ့ စစ်ဘေးသင့်သူတွေဟာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်က ကယ်ဆယ်ရေးစခန်းတွေမှာ လက်ရှိအချိန်အထိ နေရပ်ကို မပြန်ရဲဘဲ စစ်ဘေးရှောင် ၇၀၀၀ ဝန်းကျင် ရှိနေသေးပါတယ်။
ဝဏ္ဏခွာညို
2 years Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up