စစ်တွေ  အ.ထ.က (၁)အနီး စပါးကြီးမြွေကြီး တကောင်ဖမ်းဆီးရမိ

February 11, 2019

စစ်တွေ  အ.ထ.က (၁)အနီး စပါးကြီးမြွေကြီး တကောင်ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဘောလုံးကွင်းရပ်ကွက်၊ ကျောင်းကြီးလမ်း၊ အ.ထ.က(၁)အနီး ခြံကွက်လပ်မှာ ဖေဖော်ဝါရီ ၁၀ရက် မွန်းလွဲ ၁ နာရီခွဲလောက်က အရှည်(၁၁)ပေ၊ လုံးပတ်(၁)ပေ(၄)လက်မ ခန့်ရှိ စပါးကြီးမြွေတစ်ကောင်တွေ့ရှိတယ်လို့ ရခိုင်ပြည်နယ် မီးသတ်က သတင်းထုတ်ပြန်ပါတယ်။ အုပ်ချုပ်ရေးမှူးရဲ့ သတင်းပေးပို့ချက်အရ  စစ်တွေမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
2 years Ago
Up