ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောဒူဖ(၂) မူဆလင်ဒုက္ခသည်စခန်းမှာ မေလ ၃ ရက် မနက်က မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ အခန်း ၈ ခန်းပါ၊ တန်းလျှား ၅၅ လုံးနဲ့ ဈေးဆိုင်ခန်းတွေ မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ ၁၈၀၀ ခန့် အိုးအိမ်မဲ့ဖြစ်သွားပါတယ်။
မနက် ၉ နာရီကစ မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ မနက် ၁၀ နာရီမှာ မီးငြိမ်းပြီး နေ့လယ် ၁၂ နာရီအထိ မီးကြွင်းမီးကျန်များကို စစ်တွေမီးသတ်စခန်းက မီးသတ်ကား (၉) စီးနဲ့ ငြိမ်းသတ်ခဲ့ရပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနောင်က “အဆောင်(၁) အခန်း (၄) က ပိုင်ရှင်က ထမင်းချက်ရင်းကနေပြီးတော့ အပြင်ထွက်သွားတယ်လို့ သိရပါတယ်။ ထမင်းချက်ရင်းကစပြီး လောင်တာပါ။ ပျက်စီးဆုံးရှူံးမှုနဲ့ လူဦးရေစာရင်းကို ကောက်ယူပြုစုနေဆဲ ပါ။ အသေအပျောက် မရှိဘူးလို့မျှော်လင့်ရပါတယ်” လို့ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ ၂၀၁၂ ပဋိပက္ခကြောင့် ယာယီကယ်ဆယ်ရေးစခန်း ၈ ခုမှာ နေထိုင်ရသူ ၁ သိန်း ၄ သောင်းကျော်ရှိနေပါတယ်။
သတင်း - ကိုအောင်
5 years Ago