စစ်တွေမြို့ ရခိုင့်ရိုးရာသင်္ကြန် နံ့သာသွေးပြိုင်ပွဲ

April 12, 2016

စစ်တွေမြို့ ရခိုင့်ရိုးရာသင်္ကြန် နံ့သာသွေးပြိုင်ပွဲ (ဓာတ်ပုံ)

ရခိုင်ပြည်နယ်အစိုးရက စီစဉ်ကျင်းပတဲ့ ရခိုင့်ရိုးရာသင်္ကြန် အကြိုနံ့သာသွေး ပြိုင်ပွဲကို စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဧပြီလ ၁၂ ရက်နေ့ မနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရခိုင့်ရိုးရာသင်္ကြန် အကြိုနံ့သာသွေး ပြိုင်ပွဲကို ဝန်ကြီးချုပ်ဦးညီပု ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက စတင်ဖွင့်လှစ်ခဲ့ပြီး နံ့သာသွေးပြိုင်ပွဲဝင်အဖွဲ့ ၄၇ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ရခိုင့်ရိုးရာအစဉ်အလာအရ သွေးပြီးရရှိလာသော နံ့သာရည်နဲ့ အကျနေ့နံနက်ပိုင်းတွင် ဘုရားရေသပ္ပါယ် ပူဇော်ပြီးမှ ရေကစားကြရမည်ဖြစ်သည်။ (သတင်း - ကိုအောင်၊ ဓာတ်ပုံ - စံမြတ်ရွှေ)
6 years Ago
Up