စစ်တွေမြို့အခြေစိုက်

August 20, 2017

စစ်တွေမြို့အခြေစိုက် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် ကွယ်လွန်

စစ်တွေမြို့အခြေစိုက် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် Mr. Awiad Hossain Consul (အသက် ၅၀) ဟာ စစ်တွေမြို့ရှိ ကောင်စစ်ဝန်ရုံးနေအိမ်မှာ သြဂုတ် ၁၉ ရက်နေ့ မနက် ၄ နာရီက သွေးတိုးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ အစိုးရပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖော်ပြထားပါတယ်။ ကောင်စစ်ဝန်ရဲ့ ရုပ်အလောင်းအား ကောင်စစ်ဝန်ချုပ်နဲ့ ရုံးဝန်ထမ်းတွေက စစ်တွေဆေးရုံကို မနက် ၄ နာရီ မိနစ် ၂ဝ မှာ ပို့ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရုပ်အလောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တကနာ့ဖ်နယ်ခြားစောင့်တပ်မှ စခန်းမှူး အီဗြာဟိန်း ဦးဆောင်တဲ့အဖွဲ့က သြဂုတ် ၁၉ ရက်နေ့ ည ၉ နာရီခွဲလောက်မှာ လာရောက်သယ်ဆောင်သွားကြောင်း သိရပါတယ်။
4 years Ago
Up