စစ်တွေမြို့ဗုံးပေါက်ကွဲမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ ၄ ဦးပြန်လွတ်

March 27, 2018

စစ်တွေမြို့ဗုံးပေါက်ကွဲမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ ၄ ဦးပြန်လွတ်

  ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ရခိုင်အမျိုးသားကောင်စီ (အေအန်စီ)က ကိုနိုင်စိုးအပါအဝင် ၄ ဦးကို မတ်လ ၂၆ရက် ည ၈ နာရီမှာ စစ်​​တွေမြို့မရဲစခန်းက အာမခံနဲ့ ပြန်လွှတ်​​ပေးလိုက်​ပါတယ်​။ စစ်​​တွေမြို့ရဲစခန်းအထွက်​မှာ ကိုနိုင်​စိုးက'ကျ​နော်​လွတ်​ပါပြီ'လို့ မီဒီယာ​တွေကို​ ပြောခဲ့ ပါတယ်​။ ​နောက်​ထပ် ​၃ ဦးဖြစ်တဲ့ ဦးရွှေထွန်း​အောင်​၊ ​​ဦးတင်​မြင့်​​ရွှေ၊ ​ဦးမောင်​မြင့်ရွှေတို့ကိုတော့ စစ်​​တွေ မြို့မရဲစခန်းက ည၈ နာရီ ၃၅ မိနစ်​မှာ ထပ်မံလွှတ်ပေးလိုက်ပါတယ်။ ကိုနိုင်​စိုးတို့ ၄ ဦးကို အာမခံနဲ့ပြန်လွှတ်ပေးလိုက်ပြီးနောက် လက်​ရှိ အ​ခြေအ​နေအထိ​တော့ စစ်​​တွေမြို့မရဲစခန်းမှာ ရဲတပ်​ဖွဲ့ဝင်​တွေက လုံခြုံရေး​ယူထားကြပါတယ်​။ သတင်း-ဝဏ္ဏခွာညို
3 years Ago
Up