စစ်တွေအကျဉ်းထောင်

April 21, 2019

စစ်တွေအကျဉ်းထောင်တွင် ဆူပူမှုဖြစ်၊ သေနတ်ပစ်ခတ်ထိန်းသိမ်းခဲ့ရ

ရခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ စစ်တွေအကျဉ်းထောင်အတွင်းမှာ ဧပြီ ၂၀ ရက်နေ့ည ၉ နာရီကျော်လောက်က ဆူပူမှုဖြစ်တာကြောင့် ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ထိန်းသိမ်းခဲ့ရတယ်လို့ ပြည်နယ်အဆင့်တာဝန်ရှိသူတွေကပြောပါတယ်။ ရခိုင်ပြည်နယ်ရဲမှူးကြီး ကြည်လင်းက “ထောင်လေးနည်းနည်းဆူလို့ ထိန်းလိုက်တာပါဗျ။ လောလောဆယ်တော့ အတည်မပြု သေးပါဘူးခင်ဗျ။ သက်ဆိုင်တဲ့ ဌာနကနေပြီးတော့ အတည်ပြုပါလိမ့်မယ်။ ကျနော်တို့ကတော့ ထိန်းပေးတဲ့အဆင့်ပါပဲ။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်တယ်။ ဘာမှ အနာတရ အတည်အခိုက်မရှိဘူး”လို့ ပြောပါတယ်။ ဘယ်ကနေစကာ ဘယ်လိုဖြစ်လာတယ်ဆိုတာကို မေးမြန်းရာမှာ သက်ဆိုင်ရာဌာကပဲ အတည်ပြုလိမ့်မယ်လို့သာ ပြောဆိုသလို ရဲအင်အားဘယ်လောက်အသုံးပြုပြီး ဖြိုခွင်းခဲ့ရလဲဆိုတာကိုလည်း မေးမြန်းပေမယ့် ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ မနေ့က အဲဒီချိန်မှာ ထောင်ထဲက သေနတ်ပစ်သံတွေ ကြားခဲ့ရသလို ဆန္ဒပြသံလို အော်သံတွေလည်း ၂ ခါကြားခဲ့ရကြောင်း အခင်းဖြစ်တဲ့ အချိန်က စစ်တွေအကျဉ်းထောင်ကို သွားရောက်ခဲ့တဲ့ ဒေသခံတဦးကပြောပြပါတယ်။   “ရုန်းရင်းဆန်ခတ်ကတော့ တအားဖြစ်တယ်။ တအားအော်ကြတယ်။ ထောင်ထဲကလေ။ ဆန္ဒပြကြတယ်။ ကျနော် ၂ ခါတောင် ကြားလိုက်ရတယ်။ ဝိုးဝိုးနဲ့ ကြားရတယ် အပြင်ကဆိုတော့လေ။” အဲဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အတည်ပြုစေလိုတာကြောင့် ရခိုင်ပြည်နယ် အကျဉ်းဦးစီးဌာကကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးရဲ့ ဖုန်းပိတ်ထားတာကြောင့် ရုံးဖုန်းကို ဆက်သွယ်ရာမှာ တာဝန်ကျဝန်ထမ်းတဦးက သူတို့ဆီက အဆက်သွယ်မတောင်းဖို့နဲ့ တခြားနည်းလမ်းနဲ့ ဆက်သွယ်ဖို့သာ ပြောပါတယ်။ မနေ့ညက ဖြစ်သွားတဲ့ ဖြစ်စဉ်ဟာ ထောင်သားတွေကို ပေါ်တာဆွဲရာကနေ စတင်ခဲ့တာလို့ ကောလာဟလတွေ ထွက်ပေါ်နေသလို သမ္မတရဲ့ လွတ်ငြိမ်းခွင့်ကို မကျေနပ်တာကြောင့်လို့လည်း ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒါကြောင့် အဲဒီကိစ္စကို သိရဖို့ ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်ထိတော့ အတည်ပြုချက်ရသေးပါဘူး။
3 years Ago

October 6, 2018

စစ်တွေအကျဉ်းထောင်တွင် ဆူပူမှုဖြစ်ပွား၊ လုံခြုံရေးတင်းကျပ်

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ဒီကနေ့ မွန်းလွဲပိုင်းက အကျဉ်းသားတွေ ဆူပူမှု ဖြစ်ပွားပြီးနောက်  ရဲတပ်ဖွဲ့က ထောင်အနီးတဝိုက်မှာ လုံခြုံရေးတင်းကျပ်ထားပါတယ်။ ထောင်ဝန်ထမ်းကို အကျဉ်းသားတွေကရိုက်လို့ တယောက်သေဆုံးတယ်လို့ သတင်းတွေ ထွက်နေပေမယ့် အကျဉ်းဦးစီးဌာနကို ဆက်သွယ်မေးမြန်းလို့ မရတာကြောင့် အတည်မပြု နိုင်သေးပါဘူး။ ဒါ့အပြင် ထောင်အနားမှာ သတင်းယူနေတဲ့ သတင်းထောက်တွေကိုလည်း အနောက်ဘက် ကိုက် ၂၀၀ အကွာကို ဆုတ်ခိုင်းထားပြီး ထောင်ရှေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူထားပါတယ်။ ဆူပူမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို အသေအချာမသိရသေးပေမယ့် ထောင်ဝန်ထမ်း တဦးကို  အကျဉ်းသားတွေက ဝိုင်းရိုက်ခဲ့လို့  ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
3 years Ago
Up