ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဓည၀တီ အားကစားကွင်း ကယ်ဆယ်ရေး စခန်းရှိ ဒုက္ခသည် ၁၇၀ လောက်ကို သူတို့ နေရပ်ရင်း ပြန်ပို့လိုက်တယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။
၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ မနက်ပိုင်းက မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုကြောင့် စစ်တွေ၊ ကျောက်တော်နှင့် မြောက်ဦး မြို့နယ်တွေက ခေတ္တနေရပ်စွန့်ခွာလာကြတဲ့ ဒုက္ခသည်တွေကို အောက်တိုဘာ ၂၉ ရက်နေ့၊ မနက် ၇ နာရီက မလိခ အမြန်ရေယာဉ်နဲ့ ပို့ဆောင်ခဲ့ပေးခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီနေ့ စစ်တွေမြို့ကနေ နေရပ်ရင်းပြန်သူ ၁၆၇ ဦးဖြစ်ပြီး စစ်တွေ ဓည၀တီ အားကစားကွင်း ကယ်ဆယ်ရေး စခန်းမှာ လတ်တလော ခိုလှုံနေသူပေါင်း ၃၀၀ လောက် ကျန်ရှိနေသေးတယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။
6 years Ago