ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စက်တင်ဘာလ ၁၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း MRCS အတွက် ကယ်ဆယ်ရေးပစ္စည်းတွေ သယ်လာတဲ့ကားကို ဒေသခံပြည်သူတွေက တားဆီးပြီး မိုးကုတ်ကျောင်းမှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။
အဲဒီ ကားဟာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း MRCS က ပစ္စည်းတွေတင်လာပြီး အရမ်းမောင်းနှင်သွားတာရယ် စစ်တွေဟိုတယ်လမ်းမှာ တွေတာရယ်ကြောင့် ဒေသခံတွေက မသင်္ကာလို့ စစ်ဆေးရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီကားမှာပါတဲ့ ပစ္စည်းတွေကို မိုးကုတ်ကျောင်းထဲမှာ စစ်ဆေးတဲ့အခါ အသက်ကယ် အင်္ကျီတွေ၊ ခြင်ထောင်တွေနဲ့ အထောက်အကူ ပစ္စည်းတွေသာ တွေ့ရှိခဲ့တာကြောင့် ဒေသခံတွေ လူစုခွဲပြီး ပြန်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို တားဆီးစစ်ဆေးရတာဟာ အရင်က ဒီကားဟာ အရမ်းမောင်းနှင် သွားလာလေ့ရှိသလို ဘာဆာရာရွာလို့ ခေါ်တဲ့ ဘင်္ဂါလီကျေးရွာကို ကူညီမယ့် ပစ္စည်းတွေလို့ ထင်တာရယ်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
4 years Ago