စစ်တွေ

June 29, 2019

စစ်တွေဆေးရုံတွင် H1N1 လူနာတဦး တွေ့ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ H1N1 လူနာတယောက်ကို တွေ့ရှိထားတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက ဒီဗွီဘီကိုပြောပါတယ်။ စစ်တွေဆေးရုံကို ရောက်ရှိလာတဲ့ သံသယလူနာတွေကို စစ်ဆေးခဲ့ရာမှာ ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူ လူနာတဦး တွေ့ရှိခဲ့တာလို့ ပြည်နယ်ကျန်းမာရေး တိုးချဲ့ကာကွယ်ဆေးဌာနက လက်ထောက်ညွှန်းကြားရေးမှူး ဒေါက်တာစိုဝင်းပိုင်းက ပြောပါတယ်။ “ကျနော်တို့ ရာသီးတုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီးတော့ တနှစ်ပတ်လုံး စစ်ဆေးပါတယ်။ အထူးသဖြင့် ဒီလိုရာသီရောက်လာရင် အဖြစ်များတော့ ပိုပြီးစစ်ဆေးမှုတွေလုပ်ပါတယ်။ အဲ့ဒါ ဇွန်လ ၂၄ ရက်နေ့ ရက်နေ့ က ၂၈ ရက်နေ့အထိ သံသယဖြစ်တဲ့ လူနာ ၈ ယောက်ကိုစစ်ပါတယ်။ NHL က ပို့ပြီးတော့ စစ်ဆေးတာပါ။ NHL က comfrom လုပ်ပေးတာ H1N1 ဖြစ်နေတဲ့ လူနာ တယောက်တွေ့ပါတယ်။” အဲ့ဒီမှာ လူနာ ၈ ယောက်မှာ လူနာနှစ်ယောက်က သက်သာသွားတဲ့အတွက်ကြောင့် ဆေးရုံကဆင်းသွားပြီး ကျန်တဲ့ လူနာ ၆ ယောက်ကို စိုးရိမ်းစရာမရှိဘဲ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူနေတယ်လို့ ပြောပါတယ်။ အခုတွေ့ရှိခဲ့တဲ့ ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ H1N1 ဖြစ်နေတဲ့ လူနာဟာ အသက် ၁၅ အရွယ်ယောကျာ်းလေးဖြစ်ပြီး လူနာအခြေအနေကတော့ စိုးရိမ်းစရာမရှိဘူးလို့ ဒေါက်တာစိုးဝင်းပိုင်က ဒီဗွီဘီကိုပြောပါတယ်။ ရာသီတုပ်ကွေးရဲ့ ရောဂါလက္ခဏာတွေကတော့ ဖျားတာတွေ၊ နှာရည်ယို၊ လည်ချောင်းနာ ချောင်းဆိုး၊ ခေါင်းကိုက်နဲ့ ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အဖျားကြီးတာ၊ အသက်ရှူပ်ကြပ်တာ၊ ဂနာမငြိမ်ဖြစ်တာတွေနဲ့ သတိလစ်တာတွေအထိ ဖြစ်ပွားတတ်ပါတယ်။ လက်ရှိမှာတော့ ရာသီတုပ်ကွေးရောဂါ H1N1 ရောဂါက အသက် ၁၅ နှစ်ကနေ ၆၅ နှစ်အထိ အသက်အရွယ်အတွင်းမှာ ဖြစ်ပွား တတ်ပါတယ်။ ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဖြူဖြူအေးက ဒီဗွီဘီကို ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ-ဝဏ္ဏခွာညို
2 years Ago

May 18, 2019

မရာမာကြီးအမျိုးသားနေ့ စစ်တွေတွင် ကျင်းပ

ဒီကနေ့ကျရောက်တဲ့ (၄) ကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်မှာရှိတဲ့ မရမာကြီးဘုန်းတော်ကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ကြပြီး တိုင်းရင်းသားတန်းတူအခွင့်အရေး ရရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။ မရမာကြီးတိုင်းရင်းသားလူမျိုးစု ခေါင်းဆောင် ဦးမောင်နုက ဒီနှစ်မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု မရှိတာကြောင့် ခမ်းခမ်းနားနား မကျင်းပဖြစ်ဘူးလို့ ပြောပါတယ်။ မရမာကြီးတိုင်းရင်းသားတွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးထဲက မျိုးနွယ်စုတခုဖြစ်သလို ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်လည်း ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတန်းတူညီမျှမှု အခွင့်အရေးရဖို့ တောင်းဆိုတယ်လို့ ဦးမောင်နုက ပြောပါတယ်။ "ကျနော်တို့တောင်းဆိုချင်တာကတော့ ရခိုင်ပြည်နယ်မှာဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာ ဖြစ်ဖြစ် တိုင်းရင်းသားလူမျိုးနည်းတူ အေးတူပူမျှ အေးချမ်းစွာနေထိုင်ရရင် ကျေနပ်ပါပြီ" လို့  ပြောပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အဲဒီအခြေနေကို မရသေးဘူးလို့ မရမာကြီးလူမျိုးခေါင်းဆောင်တွေက ပြောပါတယ်။ တိုင်းရင်းသားညီအကိုမောင်နှအချင်းချင်း စည်းလုံးညီညွန်မှုရှိဖို့၊ အမျိုးသားရေးကို မပျောက်ပျက်အောင် ထိန်းသိန်းစောင်ရှောက်နိုင်ဖို့၊ လူငယ်လူရွယ်တွေ အချင်းချင်းစည်းလုံးညီညွတ်မှုရှိနဲ့ တိမ်ကောပျောက်ကွယ်နေတဲ့ စာပေနဲ့ ယဉ်ကျေးမှုပြန်လည်ဖော်ထုတ်နိုင်အောင်စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီအခမ်းအနားကို ကျင်းပတာလို့ ဆိုပါတယ်။ ဒီကနေ့ကျင်းပတဲ့ မရမာကြီးအမျိုးသားနေ့ကိုတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်ဘွေအပါအဝင် မရမာကြီးတိုင်းရင်းအဖွဲ့တွေအပါအဝင် ရခိုင်လူမှုအဖွဲ့ဝင်တွေနဲ့ ရခိုင်မျိုးနွယ်စုဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
2 years Ago
More News
Up