စစ်တောင်းမြစ်အတွင်း အလောင်းတလောင်း ရေတာရှည်ဘက်မှ မျောလာ

September 5, 2018

စစ်တောင်းမြစ်အတွင်း အလောင်းတလောင်း ရေတာရှည်ဘက်မှ မျောလာ

စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်​​က​ ​တောင်ငူမြို့နယ် ​အ​နောက်​ဆင်​​ကျေးရွာအုပ်​စု၊ ရွာတန်းရှည်​​ကျေးရွာအနီး စစ်​​တောင်းမြစ်​အတွင်း အမည်​မသိ အမျိုးသား ရုပ်​အ​လောင်းတလောင်း ​မြစ်​အထက်​ ​ရေတာရှည်​မြို့နယ်​ဘက်​က​ရေစီးနဲ့ မျောပါလာတယ်​လို့ ​တောင်ငူမြို့နယ် ​ကေတုမတီမြို့သစ်​ နယ်​​မြေရဲစခန်းက သိရပါတယ်။ေ​သဆုံးသူ အမျိုးသားဟာ အရပ် ​၅ ​ပေ ၄ လက်မ၊ အသက် ​၂၅ နှစ်​ဝန်းကျင်​​လောက်​ရှိပြီး ကူညီစုံစမ်း​ပေးကြပါလို့ အဲဒီစခန်းမှူးရဲ့ ​ဖေ့စ်ဘွတ်​ခ်စာမျက်​နှာမှာ တင်​ထားတာကို တွေ့ရပါတယ်​။ ​သေဆုံးသူရဲ့ရုပ်​အ​လောင်းကို ​တောင်​ငူ​ဆေးရုံကြီးကို ပို့​ဆောင်​ထားပြီး ​ကေတုမတီ မြို့သစ်​နယ်​​မြေရဲစခန်းက ​သေမှု​သေခင်းအမှတ်​စဉ် ၃/၂၀၁၈ နဲ့ ဖွင့်လှစ်​ထားတယ်​လို့လည်း သိရပါတယ်​။ ဒီက​နေ့ မနက်​၁၀နာရီခွဲ တိုင်းတာချက်​အရ စစ်​​တောင်းမြစ်​​ရေဟာ ​တောင်​ငူမြို့မှာ စိုးရိမ်​​ရေအမှတ် ​၆၀၀ စင်​တီမီတာအထက်​ကို ပြန်​လည်​​ရောက်​ရှိ​နေတယ်​လို မိုး/ဇလက သတင်းထုတ်​ပြန်​ထားပါတယ်​။ အခုလို စိုးရိမ်​​ရေအမှတ်​အထက်​ကို ​ရောက်​ရှိတာဟာ ၃ လ အတွင်း တတိအကြိမ်​အဖြစ် ​ပြန်​လည်​​ရောက်​ရှိ​နေတာ ဖြစ်​ပါတယ်​။ သတင်း - သားကြီး
3 years Ago
Up