တရုတ်နိုင်ငံအရှေ့ဘက် ရှန်ဒေါင်းခရိုင်၊ ကွမ်ဂျိုးမြို့က လမ်းတနေရာမှာ ကားသမားတဦးဟာ သူ့ကားကို ကားရပ်နားရာနေရာမှာ မဟုတ်ဘဲ ရပ်နားထားလို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲ
၂ ဦးက စစ်ဆေးခဲ့ပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့ ဗွီဒီယိုရုပ်သံထဲမှာတော့ ရဲ ၂ ဦးက ကားသမားကို ယာဉ်မောင်းလိုင်စင် ပြဖို့ တောင်းတဲ့အခါ ကားမောင်းသမားဟာ ကားရဲ့အင်ဂျင်စက်ကို ရုတ်တရက် အရှိန်နဲ့နိုးပြီး ယာဉ်ထိန်းရဲ ၂ ဦးထဲက ၁ ဦးကို အတင်းဝင်တိုက်ပြီး မောင်းထွက်သွားလို့ ကားခေါင်းပေါ်မှာ ယာဉ်ထိန်းရဲပါ မှောက်လျက်ပါသွားတာကို တွေ့မြင်ရမှာပါ။
4 years Ago