စစ်ဆေးရန် တောင်ကိုရီးယားသမ္မတ အမိန့်ပေး

May 31, 2017

ဒုံးခွင်းဒုံးစနစ်ချထားမှု အချက်အလက် ထိမ်ချန်သည့်ကိစ္စ စစ်ဆေးရန် တောင်ကိုရီးယားသမ္မတ အမိန့်ပေး

တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန် “သတ် (THAAD)” ဒုံးခွင်းဒုံးစနစ် တပ်ဖြန့်ချထားရာမှာ အချက်အလက် ထိမ်ချန်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကို စုံစမ်းစစ်ဆေးဖို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက အမိန့်ပေးလိုက်ပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေးဌာနရဲ့ အဲဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းအနေနဲ့ တုန်လှုပ်သွားခဲ့ကြောင်း သမ္မတအိမ်ပြာတော် ပြောခွင့်ရပုဂ္ဂိုလ် ယွန်ယန်ချန်းက ပြောကြားပါတယ်။ မြောက်ကိုရီးယား ဒုံးကျည်ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ အမေရိကန် “သတ် (THAAD)” ဒုံးခွင်းဒုံး ၆ စင်းကို တပ်ဖြန့်ချထားရာမှာ ၂ စင်းကိုသာ သမ္မတထံ အစီရင်ခံခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းဟာ သူရဲ့ သမ္မတမဲဆွယ်ကာလမှာ အဲဒီ ဒုံးခွင်းဒုံးစနစ်နဲ့ ပတ်သက်ပြီး ပါလီမန်က ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းထားပါတယ်။
4 years Ago
Up