စစ်ဆေးမှုများ ပြုလုပ်

January 18, 2018

ထရမ့်၏ ရွေးကောက်ပွဲအောင်နိုင်ရေး မန်နေဂျာဟောင်းကို စစ်ဆေးမှုများ ပြုလုပ်

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကမ်ပိန်း မန်နေဂျာဟောင်း ကော်ရေး လီဝန်ဒေါ့စကီးကို အမေရိကန်-ရုရှားဆက်ဆံရေးဆိုင်ရာ အောက်လွှတ်တော်ကြားနာရေးကော်မတီက ဇန်န၀ါရီ ၁၇ ရက်က တံခါးပိတ်စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားက ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို စုံစမ်းဖို့အတွက် အောက်လွှတ်တော်စုံစမ်းရေးကော်မတီ၊ အထက်လွှတ်တော် စုံစမ်းရေးကော်မတီနဲ့  Robert Mueller ရဲ့ အထူးစုံစမ်းရေးကော်မရှင်ဆိုပြီး အဓိကအဖွဲ့အစည်း ၃ ခုရှိပါတယ်။ အဲဒီ ၃ ခုထဲက တခုဖြစ်တဲ့ အောက်လွှတ်တော်စုံစမ်းရေးကော်မတီက လီဝန်ဒေါ့စကီးကို စစ်ဆေးခဲ့တာပါ။ တံခါးပိတ်စစ်ဆေးမယ့်အခန်းထဲ မ၀င်ခင်မှာ လီဝန်ဒေါ့စကီးက “ကျနော်လုပ်ခဲ့တာ အားလုံးကို အမှန်တိုင်း ပြောမှာပါ” လို့ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။ သူဟာ သမ္မတထရမ့်ရဲ့ အစောပိုင်း မဲဆွယ်စည်းရုံးရေးကာလမှာ ပါဝင်ခဲ့ပြီး၊ ၂၀၁၆ ခုနှစ် ဇွန်လမှာ ကမ်ပိန်းဥက္ကဋ္ဌ ပေါလ်မန်နာဖော့ရဲ့  ထုတ်ပယ်ခြင်းကို ခံခဲ့ရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up