သင့်အနေနဲ့ ကိုလံဘီယာနိုင်ငံလေတပ်ရဲ့ တပ်ဖွဲ့ဝင်တယောက်ဖြစ်ပြီဆိုတာနဲ့ တပ်သားတွေတင်မက တပ်တွင်းစစ်ခွေးတွေပါမကျန် မစ်ရှင်အရ လေထီးခုန်လေ့ကျင့်တာ တွေ၊ စစ်ဘက်ဆိုင်ရာတာဝန်အသီးသီးမှာ တာဝန်ထမ်းဆောင်ကြရပါတယ်။
ရို့စ်ဟာ ၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယမ်မယ်လီနွိုက်စ်အမျိုးအစားခွေးမလေးဟာ တခြားသာမန်ခွေးတွေလိုပဲ ပြေးလွှားဆော့ကစားခြင်းနဲ့ ချစ်စရာကောင်းတဲ့ အလေ့အထတွေရှိတဲ့ ခွေးလေးတကောင်ဖြစ်ပေမယ့် လေတပ်ထဲမှာတော့ စွန့်စားလေ ထီးခုန်ပြရတဲ့ ခွေးလေးတကောင်ဖြစ်ခဲ့ပါတယ်။
သူ့ကို လေထီးခုန်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ စနစ်တ ကျလေ့ကျင့်သင်ကြားပေးထားခဲ့တာဖြစ်ပြီး ကိုလံဘီယာလေတပ်ဒုတိယအကြီးအကဲ ကားလို့စ်ပိုင်နာရော့စ်နဲ့အတူ အမြင့်မီတာ ၄၂၀၀ ကနေ ၇ ကြိမ်လောက်ခုန်ချခဲ့ပြီးဖြစ် တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ပိုင်နာရော့စ်က “သူလည်း လူတွေလိုပဲ ကြောက်တတ်တယ်။ များသောအားဖြင့် ဂျက်လေယာဉ်ဆူညံသံကြားရင်ပေါ့။ ကျနော်က သူ့ကို ‘ဒေါ့ဂ’ကုသနည်းနဲ့ စိတ်ကို ပြန် ဖြေလျှော့ပေးရတယ်။ ‘ဒေါ့ဂ’ဆိုတာ ခွေးတွေအတွက် ယောဂကျင့်စဉ်ပါပဲ”လို့ ပြောပါ တယ်။
ကိုလံဘီယာနိုင်ငံလေတပ်ဟာ စစ်ခွေးတွေကို လေ့ကျင့်သင်ကြားပေးပြီး အနံ့ခံ ကာ မူးယစ်ဆေးဝါးနဲ့ ဗုံးရှာဖွေရေးလုပ်ငန်းတွေမှာ အသုံးပြုလာခဲ့တာ နှစ်ပေါင်း ၂၇ နှစ် လောက်ရှိနေခဲ့ပါပြီ။
အဲဒီလို လေ့ကျင့်သင်ကြားမှုတွေလုပ်တဲ့နေရာဟာ ဘိုဂိုတာပြင်ပမှာအခြေစိုက် ထားတဲ့ “ခွေးတို့ရဲ့နန်းတော်”လို့အမည်ပေးထားတဲ့နေရာဖြစ်ပါတယ်။
ကိုလံဘီယာနိုင်ငံလေတပ် တိရစ္ဆာန်ဆေးကုသရေးနဲ့လေ့ကျင့်ရေးဆိုင်ရာ တာဝန်ခံ ၀ီလ်မာအန်ဒရေအန်တိုလီနက်ဇ်က အဆော့သန်တဲ့ခွေးတွေဟာ လေ့ကျင့် သင်ကြားပေးရတာအလွယ်ကူဆုံးဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့မှာ ‘ညီညွတ်ခြင်း၊ စိတ်ရှည်ခြင်း၊ ဇွဲလုံ့လရှိခြင်း’ဆိုတဲ့ ဆောင်ပုဒ်တခု သတ်မှတ်ထားပါတယ်။ ဒီစကားလုံး ၃ ခုက ကျနော်တို့အနေနဲ့ ခွေးတွေကို သူတို့တွဲ ဖက်တွေနဲ့ ဘယ်လိုအလုပ်လုပ်သင့်တယ်ဆိုတာကို လေ့ကျင့်သင်ကြားပေးနေတာကို ပြနေတာပါ”လို့ အန်တိုလီနက်ဇ်က ပြောပါတယ်။
အဲဒီခွေးကလေးတွေဟာ လေတပ်မတော်မှာ ၁၀ နှစ်အမှုထမ်းပြီးပြီဆိုရင်တော့ တာဝန်မှအနားယူခွင့်ပေးတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ တာဝန်မှအနားယူပြီးဖြစ်တဲ့ စစ်ခွေးလေးတွေ ကို သူတို့နဲ့ထိုက်တန်တဲ့ နေပျော်ဖွယ်စံအိမ်တွေမှာထားပေးဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။
7 years Ago