စစ်အာဏာသိမ်း

A d v e r t i s e m e n t With Us

May 1, 2019

အာဏာသိမ်းရန် ကြိုးပမ်းနေ ဆိုသည့် ပြောဆိုချက် ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ငြင်းဆန်

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အာဏာသိမ်းဖို့ ကြိုးပမ်းနေတယ် ဆိုတာကို ကာကွယ်ရေးဝန်ကြီးက ငြင်းဆိုလိုက်ပြီး ဟွမ်ဂွယ်ဒိုဟာ အမေရိကန်အစိုးရ အမိန့်အတိုင်း လုပ်နေတယ်လို့ သူက စွပ်စွဲလိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီး ဗလာဒီမာ ပက်ဒရီနိုက ဗင်နီဇွဲလားပြည်သူတွေ တည်ငြိမ်အေးချမ်းစွာ နေကြဖို့ ဧပြီ ၃၀ ရက်နေ့က တိုက်တွန်းခဲ့ပြီး လက်ရှိအချိန်မှာ အင်စတီကျူးရှင်းတွေနဲ့ ဒီမိုကရေစီကို အန္တရာယ်ကျရောက်မယ့် အခြေအနေ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုက စစ်တပ်ကို အာဏာသိမ်းဖို့ တောင်းဆိုပြီး ကာရာကတ်စ်မြို့ပြင် လေတပ်အခြေစိုက်စခန်း အပြင်ဘက်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် ကာကွယ်ရေးဝန်ကြီးက အခုလို ကြေညာလိုက်တာပါ။ ဗင်နီဇွဲလားသမ္မတ မာဒူရိုနဲ့ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုတို့အကြား ရှေ့မတိုး နောက်မဆုတ်သာ အကျပ်အတည်းဖြစ်ပြီးနောက် အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ပါတယ်။ ဧပြီ ၃၀ ရက်နေ့က မြို့တော် ကာရာကတ်စ်မှာ ဟွမ်ဂွယ်ဒိုကို ထောက်ခံတဲ့ သောင်းနဲ့ချီတဲ့ ပြည်သူတွေနဲ့ အဓိကရုဏ်း နှိမ်နှင်းရေးရဲတွေ ပဋိပက္ခ ဖြစ်ခဲ့ပါတယ်။ အဲဒီပဋိပက္ခမှာ ဆန္ဒပြလူအုပ်ကို အမျိုးသားအစောင့်တပ် သံချပ်ကာယာဉ်နဲ့ ဝင်တိုက်ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ အဓိကရုဏ်းတွေကြောင့် ၇၈ ယောက် ဒဏ်ရာရခဲ့ပြီး အများစုဟာ ရာဘာကျည် ထိမှန်တာတွေ ဖြစ်တယ်လို့ ဆေးရုံ ဆရာဝန်တဦးက ပြောခဲ့ပါတယ်။
2 years Ago

April 18, 2019

ဖြုတ်ချခံခဲ့ရသည့် ဆူဒန်သမ္မတ၏ ညီအစ်ကို ၂ ဦးအား ဖမ်းဆီး

ဆူဒန်သမ္မတရာထူးက ဖြုတ်ချခံခဲ့ရတဲ့ အိုမာ အယ်လ် ဘာရှာရဲ့ ညီအစ်ကိုနှစ်ဦးကို ဖမ်းလိုက်ပြီလို့ ဆူဒန် စစ်ဘက်အုပ်ချုပ်ရေး အရာရှိတွေက ဧပြီ ၁၇ ရက်နေ့မှာ ပြောပါတယ်။ စစ်အစိုးရဟောင်းနဲ့ ပတ်သက်သူတွေကို လိုက်ဖမ်းနေတဲ့ လှုပ်ရှားမှုအတွင်း အဲဒီညီအစ်ကိုနှစ်ဦးကို ဖမ်းခဲ့တာပါ။ အာဏာရပါတီဟောင်းနဲ့ ဆက်နွှယ်တဲ့ တရားမဝင် တပ်ဖွဲ့တွေကိုလည်း စစ်တပ်အောက် ဒါမှမဟုတ် ရဲဌာနအောက် ရွှေ့လိုက်ပြီလို့ အသွင်ကူးပြောင်းရေး စစ်ဘက်ကောင်စီရဲ့ ပြောခွင့်ရတဦးက ပြောပါတယ်။ ဘာရှာဟာ ၁၉၈၉ ခုနှစ် စစ်အာဏာသိမ်းချိန်မှာ အာဏာရလာခဲ့တာပါ။ ဒါပေမယ့် သူ့ကို စစ်တပ်က ပြီးခဲ့တဲ့သီတင်းပတ်မှာ သမ္မတရာထူးက ဖြုတ်ချခဲ့ပါတယ်။ ဘာရှာကို သမ္မတရာထူးက ဖြုတ်ချပြီးနောက် ၂ နှစ်အတွင်း လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်တပ်က ကတိပြုထားပါတယ်။ ဒါပေမယ့် ဆူဒန်ပြည်သူတွေကတော့ လမ်းပေါ်ထွက် ဆန္ဒပြနေကြပြီး အရပ်သား ကြားဖြတ်အစိုးရကို အာာဏာပေးဖို့ တောင်းဆိုနေကြပါတယ်။
2 years Ago
More News
Up