စစ်အစိုးရ

A d v e r t i s e m e n t With Us

November 2, 2018

စစ်အစိုးရကို ဆန့်ကျင်သည့် စာသားများကြောင့် နာမည်ကြီးနေသည့် ထိုင်းရက်ပ်သီချင်း (ရုပ်သံ)

လက်ရှိအာဏာရ စစ်အစိုးရကို ဆန့်ကျင်ရှုတ်ချထားတဲ့ သီချင်းစာသားတွေနဲ့ ရေး သားဖန်တီးထားတဲ့ ထိုင်းရက်ပ်ပါတွေ သီဆိုထားတဲ့ သီချင်းတပုဒ်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပါတယ်။ လက်ရှိမှာတော့ Rap Against Dictatorship အဖွဲ့ရဲ့ ဒီတေးသီချင်းထဲမှာ ပါဝင် တဲ့ စစ်တပ်၊ အကျင့်ပျက်ခြစားမှု၊ ဆင်ဆာနဲ့ ရွေးကောက်ပွဲမရှိမှုတွေအကြောင်း စာသား တွေအပေါ် ထိုင်းရဲတပ်ဖွဲ့က အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ ဆောက် သ်ချိုင်းနားမောနင်းပို့စ်သတင်းမှာ အောက်တိုဘာ ၂၇ ရက်နေ့က ဖော်ပြပါတယ်။ ပရာသက်ခူမီးလို့ ထိုင်းဘာသာနဲ့ အမည်ပေးထားတဲ့ ဒီသီချင်းရဲ့ အမည်ဟာ မြန် မာလိုဆိုရင်တော့ “ငါ့နိုင်ငံတော် ဘယ်ဟာလဲ”လို့ အဓိပ္ပာယ်ရပါတယ်။ ဒီသီချင်းကို ယူကျုဘ်အင်တာနက်စာမျက်နှာပေါ်မှတဆင့် အောက်တိုဘာလ ၂၂ ရက်နေ့က မျှဝေခဲ့ချိန်မှာ ကြည့်ရှုသူ သန်းနဲ့ချီရှိနေခဲ့ပြီး ဝေဖန်မှတ်ချက်တွေ ထောင်သောင်းမက ရှိနေခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ နည်းပညာနဲ့ ရာဇ၀တ်ပြစ်မှုဆိုင်ရာ နှိမ်နင်းရေးရဲဌာနခွဲမှ ပြောရေးဆို ခွင့်ရှိသူတဦးဖြစ်တဲ့ ဆီရိဝတ်ဒီးဖော်ကတော့ “လက်ရှိမှာတော့ စုံစမ်းစစ်ဆေးရေးအရာရှိတွေက ဒီကိစ္စအပေါ် စစ်ဆေးမှုတွေ လုပ်ဆောင်နေတုန်းပါ။ ဒါက အချိန်နည်းနည်းကြာနိုင်ပါတယ်။ ဒီကိစ္စက ထိလွယ်ရှလွယ်ကိစ္စမို့လို့ပါ”လို့ ပြောပါတယ်။ နောက်ထပ်ပြီး သူက ဒီတေးသီချင်းရုပ်သံကို အင်တာနက်ပေါ်မှ ပြန်လည်မျှဝေခဲ့ သူတွေကိုလည်း ပစ်မှတ်ထားစုံစမ်းမှုတွေ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။ “တကယ်လို့များ ဒီသီချင်းက ကွန်ပျူတာရာဇ၀တ်ပြစ်မှုဆိုင်ရာ အက်ဥပဒေအရ မှားယွင်းတဲ့ သတင်းပေးမှု၊ အချက်အလက်တွေ ဖြန့်ဝေစေမှုနဲ့ ငြိစွန်းခဲ့ရင်တော့ ဒီသီချင်းကို တင်တဲ့သူရော၊ ဒါကိုမျှဝေတဲ့သူတွေဟာလည်း ထပ်တူပြစ်ဒဏ်ချမှတ်ခံရမှာပါ။” အဖြူအမည်း မြင်ကွင်းတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ သီချင်းရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရက်ပ်ပါတယောက်က “မင်းရှိနေတဲ့ နိုင်ငံမှာ ကျည်ဆန်တတောင့်ကို ရွေးရမယ်၊ ဒါမှမဟုတ် အမှန်တရားကို သတ်ပစ်ရမယ်” ဆိုတဲ့ စာသားတွေနဲ့ သီဆိုသရုပ်ဆောင်ထားခဲ့တာကို တွေ့ရပါတယ်။ နောက်တနေရာမှာတော့ “စာမဖတ်တဲ့သူတွေနေတဲ့ နိုင်ငံ၊ အထူးသဖြင့် ခေါင်း ဆောင်တောင် စာမဖတ်တဲ့ နိုင်ငံ” စတဲ့ စာသားတွေနဲ့ သီဆိုထားခဲ့ကြတာကို တွေ့ရပါတယ်။ သီချင်းတပုဒ်လုံးမှာတော့ အဖြူအမည်းအရောင်တွေသာ အသုံးပြုထားပြီး ထိုင်းနိုင်ငံ အလံနဲ့ ခြယ်သထားတဲ့ ဂစ်တာကိုသာ အရောင်နဲ့ တွေ့မြင်ကြရမှာပါ။ ဒီသီချင်းအပေါ် တချို့ကလည်း ကြိုဆိုခဲ့ကြပြီး တချို့ကလည်း ပြစ်တင်ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးကတော့ “မင်းတို့ မကြိုက်ရင် နိုင်ငံထဲက ထွက်သွား” လို့ မှတ်ချက်ရေးခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီအုပ်စုလိုက် သီချင်းရုပ်သံထဲမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဂျက်ကို ဘွိုင်ကတော့ ဒီသီချင်းဖြစ်လာတာက နိုင်ငံရေးအကြောင်း ပြောချင်ကြတဲ့ အနုပညာရှင်တွေ စုပေါင်းသီဆိုထားခဲ့ကြတာလို့ ပြောပါတယ်။ “ဒါက လူတွေဆီက သူတို့ရဲ့ လူမှုဘ၀တွေမှာရော၊ အင်တာနက်လူမှုကွန်ရက်တွေမှာပါ ကြားရတဲ့ အရာတွေပါပဲ။ သီချင်းထဲမှာပါတဲ့ ဘယ်အကြောင်းအရာကမှ ဥပဒေကို ချိုးဖောက်ထားတာ မပါဝင်တဲ့အတွက် ကျနော်က သက်ဆိုင်ရာအာဏာပိုင်တွေကို မကြောက်ပါဘူး။”
2 years Ago

September 29, 2016

စစ်အစိုးရခေတ် ဒုဝန်ကြီးများခေါင်းဆောင်သည့် ပညာရေးမူဝါဒကော်မရှင် ဖွဲ့

ပညာရေးဆိုင်ရာ မူဝါဒများ ချမှတ်ပေးရမယ့် အမျိုးသားပညာရေး မူဝါဒ ကော်မရှင်ကို အရင် စစ်အစိုးရလက်ထက် ပညာရေးဒုဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့ဖူးသူတွေ ခေါင်းဆောင်စေပြီး ဖွဲ့စည်းလိုက်ပါတယ်။ သမ္မတအမိန့်နဲ့ စက်တင်ဘာ ၂၈ရက်က ဖွဲ့စည်းလိုက်တဲ့ ပညာရေးမူဝါဒကော်မရှင်မှာ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (အငြိမ်းစား) ဒေါက်တာမျိုးမြင့်၊ ဒုတိယဥက္ကဋ္ဌအဖြစ် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး (အငြိမ်းစား) ဒေါက်တာ ညီလှငယ်တို့က တာဝန်ယူကြမှာ ဖြစ်ပါတယ်။ သမ္မတအမိန့်ကြော်ငြာစာထဲမှာ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ အခန်း (၄)၊ ပုဒ်မ (၅) (က)အရ ပြည်ထောင်စုအစိုးရက အမျိုးသားပညာရေး မူဝါဒကော်မရှင်ကို ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ဖွဲ့စည်းလိုက်တယ်လို့ ဖော်ပြထားပြီး ကော်မရှင်အဖွဲ့မှာ ၂၁ ဦး ပါဝင်ပါတယ်။ ကော်မရှင်သက်တမ်းဟာ ငါးနှစ်ဖြစ်ပြီး အမျိုးသားပညာရေး ရည်မှန်းချက်များနှင့် ပညာရေးဆိုင်ရာ မူဝါဒများ ချမှတ်ပေးခြင်း၊ အမျိုးသားပညာရေး ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်သော အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ရေးကော်မတီ စတဲ့ အဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးရမှာလည်း ဖြစ်ပါတယ်။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် အန်အန်အီးအာ အဖွဲ့က ဒေါက်တာညိုညိုသင်းက အစိုးရသစ်က ဖွဲ့လိုက်တဲ့ အမျိုးသားပညာရေး မူဝါဒ ကော်မရှင်မှာ လွတ်လပ်တဲ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ ပြည်ပပညာရှင်တွေ ထည့်သွင်းဖွဲ့စည်းသင့်တယ်လို့ ပြောပါတယ်။ “ဒီလို ကော်မရှင်ဖွဲ့တဲ့အခါမှာ အစိုးရ၀န်ထမ်းတွေ ၀န်ထမ်းအငြိမ်းစားတွေနဲ့ ဖွဲ့တာထက်စာရင် တကယ့်ကို အောက်ခြေမှာ ပြည်သူလူထုကြားမှာ လက်တွေ့လုပ်ကိုင်နေတဲ့ လွတ်လပ်ပြီး အမှီ အခိုကင်းတဲ့ ပညာရှင်တွေ ပါစေချင်တယ်။ နောက်ပြီးတော့ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်တွေ ကနေ ဂုဏ်သိက္ခာရှိတဲ့ ပြင်ပပညာရှင်တွေလည်း ပါစေချင်ပါတယ်။ ဒီကော်မရှင်က မလုပ်နိုင်ဘူးလို့ မပြောပါဘူး။ စောစောက ပြောတဲ့သူတွေ ပါနိုင်ရင်တော့ ပိုကောင်းတာပေါ့။”
4 years Ago
Up