စစ်သားရုပ်ကြွင်း

August 4, 2018

မြောက်ကိုရီးယားက လွှဲပြောင်းသည့် အမေရိကန်စစ်သားရုပ်ကြွင်းများ ဓာတ်ခွဲခန်းတွင် လေ့လာ

မြောက်ကိုရီးယားနိုင်ငံက ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တဲ့ အမေရိကန်စစ်သား ရုပ်ကြွင်းတွေလို့ယူဆရတဲ့ ရုပ်ကြွင်းတွေကို ဘယ်သူဘယ်ဝါဆိုတာ သိနိုင်ဖို့ မိုင်ယာမီမှာရှိတဲ့ အမေရိကန် စစ်ဘက်ဓာတ်ခွဲခန်းမှာ လေ့လာနေပြီလို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ ပျောက်ဆုံးစစ်သည်များဆိုင်ရာ အမေရိကန်ကာကွယ်ရေးအေဂျင်စီ အကြီးအကဲခယ်လီ မက်ခီးကတော့ သူ့အေဂျင်စီဟာ ကိုရီးယားစစ်ပွဲအတွင်းမှာ ပျောက်ဆုံးသွားတဲ့ အမေရိကန်စစ်သည် မိသားစုဝင်တွေဆီကနေ မျိုးဗီဇ နမူနာ ၉ဝ ရာခိုင်နှုန်းလောက်ကို ရရှိထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရုပ်ကြွင်းတွေဟာ ဘယ်သူ ဘယ်ဝါတွေဖြစ်တယ်ဆိုတာ အတိအကျပြောနိုင်ဖို့ လေ့လာတာတွေ ဆက်လုပ်သွားဖို့ လိုဦးမယ်လို့ သူက ဆက်ပြောပါတယ်။ ရုပ်ကြွင်းတွေကို စစ်ဆေးနေတဲ့ ဆေးမှုခင်းအဖွဲ့ခေါင်းဆောင် ဂျွန်ဘာ့ဒ်ကတော့ မြောက်ကိုရီးယားကနေ လွှဲပြောင်းပေးခဲတဲ့ ရုပ်ကြွင်းတွေဟာ အမေရိကန်စစ်သည်တွေရဲ့ ရုပ်ကြွင်းတွေဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် လွှဲပြောင်းပေးခဲ့တဲ့သေတ္တာ ၅၅ လုံးမှာ စစ်သည် ဘယ်နှယောက်ရဲ့ ရုပ်ကြွင်းတွေ ပါတယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။ ရုပ်ကြွင်းတွေကို ဘယ်သူ ဘယ်ဝှာ ဖြစ်ကြောင်း အတိအကျပြောနိုင်မယ့် လုပ်ငန်းစဉ်ဟာ တစ်နှစ်ကျော်ကြာမြင့်နိုင်ပြီး အမည်ဖော်နိုင်တဲ့ စစ်သည် ရုပ်ကြွင်းတွေကို အနီးစပ်ဆုံး အမေရိကန်စစ်သင်္ချိုင်းမှာ မြှုပ်နှံမှာဖြစ်ပါတယ်။ ၁၉၅ဝ-၅၃ ကိုရီးယားစစ်ပွဲမှာ အမေရိကန်စစ်သည် ၇၇ဝဝ ကျော် ပျောက်ဆုံးခဲ့ပြီး အဲဒီထဲက ၅ဝဝဝ ကျော်ဟာ မြောက်ကိုရီးယားနိုင်ငံထဲမှာ ပျောက်ဆုံးနေတာပါ။
3 years Ago
Up