စစ်သားများက အမျိုးသမီး ၃ ဦးအထိ မုဒိမ်းကျင့်ခွင့်ရှိဟု ဖိလစ်ပိုင်သမ္မတ၏ ပျက်လုံးကို ၀ိုင်းဝန်းဝေဖန်

May 28, 2017

စစ်သားများက အမျိုးသမီး ၃ ဦးအထိ မုဒိမ်းကျင့်ခွင့်ရှိဟု ဖိလစ်ပိုင်သမ္မတ၏ ပြက်လုံးကို ၀ိုင်းဝန်းဝေဖန်

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက စစ်သားတွေကို မိန့်ခွန်းပြောရာ မုဒိမ်းကျင့်မှုနဲ့ပတ်သက်ပြီး ပြက်လုံးထုတ်လိုက်တဲ့အတွက် ဝေဖန်ခံနေရတယ်လို့ ဘီဘီစီသတင်းမှာ ရေးထားပါတယ်။ တိုင်းပြည်ရဲ့တောင်ဘက်တဝန်းမှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် စစ်စခန်းမှာပြောတဲ့ သမ္မတရဲ့မိန့်ခွန်းထဲမှာ စစ်သားတွေ အမျိုးသမီး ၃ ဦးအထိ မုဒိမ်းကျင့်ခွင့်ရှိတယ်လို့ သူက ပြက်လုံးထုတ်ပြောခဲ့တာပါ။ ဒူတာတေး ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် ကြေညာပြီးကတည်းက ဒီလိုမုဒိမ်းကျင့်တာနဲ့ပတ်သက်ပြီး ပြက်လုံးထုတ်ဟာသပြောခဲ့တာ ဒီတခါက ဒုတိအကြိမ်မြောက်လို့ သိရပါတယ်။ သူ့ရဲ့ပြက်လုံးက “စက်ဆုပ်ဖွယ် စိတ်မချမ်းသာစရာပဲ” လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြားလိုက်ပါတယ်။ မစ္စတာ ဒူတာတေးက “မင်းတို့ အမျိုးသမီး ၃ ယောက်ကို မုဒိမ်းကျင့်ရင် ငါမင်းတို့ကို ထောင်ချမယ်၊ အကယ်၍ ၄ ယောက်ယူမယ်ဆိုရင်တော့ မင်းတို့ကို ငါရိုက်မယ်” လို့ ပြောလိုက်တာပါ။ အမေရိကန်သမ္မတလောင်းဖြစ်ခဲ့သူ မစ္စစ်ကလင်တန်ရဲ့ သမီးဖြစ်သူ ချဲလ်ဆီးကလင်တန်က “မစ္စတာဒူတာတေးဟာ လူ့အခွင့်အရေးကို လေးစားမှုမရှိတဲ့ လူသတ်သမား၊ လူရမ်းကား၊ မုဒိမ်းကျင့်တဲ့စကားက ပြက်လုံးမဟုတ်ဘူး” လို့ သူမရဲ့တွီတာမှာ ရေးသားထားပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဖီလင်မ်က “စက်ဆုပ်ဖွယ် ပြက်လုံးပဲ” ဒါက စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတုန်းမှာ လူ့အခွင့်အရေး ချိုးဖောက်နိုင်တယ်လို့ စစ်သားတွေကို အချက်ပြလိုက်သလိုပဲလို့ ဝေဖန်လိုက်ပါတယ်။
4 years Ago
Up