စစ်သမီး

February 27, 2017

စစ်သမီးနှင့် ခွေးမကြီးကြားက ခိုင်မြဲသည့် ချစ်ခြင်းမေတ္တာ (ရုပ်သံ)

ခွေးတကောင်နဲ့ သူတို့ရဲ့ သခင်တွေကြားက ချစ်ခြင်းမေတ္တာတရားဟာ ဘယ်တော့မှ မပြိုကွဲနိုင်တဲ့ စည်းတခုပါပဲ။ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ စစ်သမီးတဦးနဲ့ သူမွေးထားတဲ့ ခွေးမကြီးတကောင်ကြားက ချစ်စရာကောင်းတဲ့ မေတ္တာတရားကို တွေ့ကြရမှာပါ။ အဲဒီစစ်သမီးဟာ ၃ လကြာ စစ်သင်တန်းသွားခဲ့ပြီး အိမ်အပြန်မှာ လွမ်းဆွတ်နေတဲ့ ခွေးမကြီးက ဆီးကြိုခဲ့တာပါ။ သူ့ရဲ့ ခွေးမကြီးဟာ အိုမင်းလွန်းလို့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့ပါဘူး။ သူဟာ ယူနီဖောင်းတောင် မချွတ်နိုင်ခဲ့ဘဲ အငမ်းမရဆီးကြိုနေခဲ့တဲ့ ခွေးမကြီးဆီ ရောက်ခဲ့ချိန်မှာ နှုတ်ဆက်အနမ်းပေးခဲ့ကြတာဟာ တကယ့်ကို ကြည်နူးစရာပါပဲ။ “နင်.. ငါ့ကို လွမ်းနေခဲ့တယ်ပေါ့။ ဟုတ်လား။ ငါ နင့်ကို သတိရနေခဲ့တာ" လို့ ပြောခဲ့ချိန်မှာ ခွေးမကြီးဟာ သခင့်အနားမှာ ပလီပလာနဲ့ ပွတ်သပ်နေခဲ့တာကို ကြည်နူးစဖွယ် တွေ့ရပါတယ်။
4 years Ago
Up