စစ်ရဟတ်ယာဉ်

March 16, 2018

ဆီနီဂေါတွင် စစ်ရဟတ်ယာဉ်တစီးပျက်ကျ၊ ၈ ဦးသေ

ဆီနီဂေါနိုင်ငံ အနောက်မြောက်ပိုင်းမှာ စစ်ရဟတ်ယာဉ်တစီး ပျက်ကျခဲ့လို့ ၈ ဦးသေဆုံးခဲ့ပြီး ၁၃ ဦးဒဏ် ရာရခဲ့တယ်လို့ ဆီနီဂေါစစ်တပ်က မတ်လ ၁၅ ရက်နေ့မှာ ပြောပါတယ်။ နိုင်ငံတောင်ပိုင်း ကာဆာမောင့်ဒေသကနေ မြို့တော် ဒါကာကို မတ်လ ၁၄ ရက်နေ့က ပျံသန်းတဲ့ ခရီးစဉ်မှာ Mi17 အမျိုးအစား ရဟတ်ယာဉ် ပျက်ကျခဲ့တာလို့ ဆီနီဂေါစစ်တပ် ပြောခွင့်ရသူက ပြောပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ လူ အယောက် ၂၀ လိုက်ပါခဲ့ပြီး မစ်ဆီရာရွာနားမှာ ပျက်ကျခဲ့တာပါ။ ပျက်ကျရတဲ့ အကြောင်းအရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ ရဟတ်ယာဉ်ဟာ သတိပေး အချက်ပြခဲ့ပြီး အရေးပေါ်ဆင်းသက်ဖို့ ကြိုးစားနေချိန်မှာ ပျက်ကျခဲ့တာလို့ ဆီနီဂေါစစ်တပ်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
4 years Ago

March 15, 2017

မြိတ်လေတပ် စစ်ရဟတ်ယာဉ်တစီး စက်ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရ

မြိတ်လေတပ်စခန်းက ရဟတ်ယာဉ်တစီး စက်ချို့ယွင်းတာကြောင့် စစ်တောင်းမြစ်ကမ်းနား ဘေးရှိ လယ်ကွင်းထဲကို အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ ဒေသခံတဦးကပြောပါတယ်။ မြိတ်လေတပ်စခန်းက လေ့ကျင့်ရေး No:6410, MI2 ရဟတ်ယာဉ်တဦးဟာ မြိတ်လေတပ်စခန်းကနေ မှော်ဘီလေတပ်စခန်းသို့ ပျံသန်းလာစဉ် မတ်လ ၁၅ ရက် ၃ နာရီကျော်လောက်က ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ကုက္ကိုကျေးရွာအုပ်စု ညောင်ကားယား ကျေးရွာ ဦးဌေးဝင်း လယ်ကွက်ထဲသို့ အရေးပေါ်ဆင်းသက်ခဲ့ရတာလို့ ဆိုပါတယ်။ ရဟတ်ယာဉ် စက်ချို့ယွင်းတာကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရပေမယ့် ရဟတ်ယာဉ်ပေါ်မှာ ပါလာသူတွေနဲ့ ရဟတ်ယာဉ်မှာ ထိခိုက်ပျက်စီးမှုမရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ သတင်း - အောင်စိုးမိုး (ပဲခူး)
5 years Ago
Up