စစ်ဘက်ပုံစံအတိုင်း သင်ကြားရသည့် ရှန်ဟိုင်းက ဆံပင်အလှပြင်သင်တန်း (ရုပ်သံ)

January 3, 2016

စစ်ဘက်ပုံစံအတိုင်း သင်ကြားရသည့် ရှန်ဟိုင်းက ဆံပင်အလှပြင်သင်တန်း (ရုပ်သံ)

အသက် ၁၅ နှစ်အရွယ် ဇူချီဟာ ရှန်ဟိုင်းမြို့ပြင်ပ ၀မ်ဖန်အမည်ရတဲ့ အလှအပနဲ့ ဆံပင်အလှပြင် သင်တန်းကျောင်းတခုမှ ကျောင်းသားတဦးဖြစ်ပြီး သူ့ရဲ့ တနေ့တာဟာ မနက် ၇ နာရီ မှာစတင်ခဲ့ပါတယ်။ အဲဒီသင်တန်းကျောင်းမှာ အလှအပနဲ့ ဆံပင်အလှပြုပြင်ရေးဆိုင်ရာ ပညာရပ်တွေ အပြင် သီချင်းဆိုကပြတာတွေနဲ့စစ်ရေးလေ့ကျင့်မှုတွေကို ပါပူးတွဲသင်ကြားကြရတာပါ။ ဇူချီနဲ့ သူ့အခန်းဖော်ဟာ ကိုယ့်အိပ်ယာကိုယ်သိမ်းပြီး စစ်တပ်ယူနီဖောင်းတွေဝတ် ဆင်ကာ မနက်ခင်းစစ်ရေးလေ့ကျင့်မှုတွေဆီ အရောက်သွားရပါတယ်။ သူဟာ တရုတ်နိုင်ငံ၊ အလယ်ပိုင်း ဟူနန်ပြည်နယ်မှဖြစ်ပြီး ဆံပင်ညှပ်ဆရာတ ယောက်ဖြစ်လာစေဖို့ အဲဒီသင်တန်းကျောင်းမှာ နိုင်ငံတ၀ှမ်းသင်တန်းသား တရာကျော် နဲ့အတူ တက်ရောက်နေတာပါ။ ၆ လတာသင်ကြားရတဲ့ကာလအတွင်းမှာ လူပုံစံရုပ်တုတွေနဲ့ ဆံပင်ညှပ်ပညာရပ် တွေကို နေ့စဉ်သင်ကြားကြရပါတယ်။ ၀မ်ဖန်သင်တန်းကျောင်းမှာ သင်ကြားရတဲ့ပညာရေးမှာ စစ်ဘက်ဆိုင်ရာပုံစံနဲ့သင် ကြားရတာဟာ သူ့အတွက်ကြီးမားတဲ့ထောက်ပံ့ကူညီမှုတခုဖြစ်တယ်လို့ ဇူက ပြောပါ တယ်။ “ကျနော်ဒီသင်တန်းကနေ အပြုအမူကောင်းတွေ ရခဲ့ပါတယ်။ ကျနော့်အိမ်မှာဆို ရင်တင်းကြပ်တဲ့ စည်းမျဉ်းတွေမရှိပါဘူး။ ကျနော် နောက်ကျမှအိပ်ယာထလေ့ရှိတယ်။ ဒီကိုရောက်လာတော့ ၀န်းကျင်ဟာ စည်းကမ်းနဲ့ တင်းတင်းကြပ်ကြပ်နေနေရတော့ ကျနော့်အတွက် အနာဂတ်မှာ ကြီးမားတဲ့ အကျိုးကျေးဇူးရစေမှာပါ”လို့ သူက ပြောပါ တယ်။ ၀မ်ဖန် အလှကုန်နည်းပညာကုမ္ပဏီကို ၁၉၉၅ ခုနှစ်တည်းက စတင်တည်ထောင် ခဲ့ပြီး နိုင်ငံတ၀ှမ်းက အလှပြင်ခန်းမတွေမှာ တူညီတဲ့ဝန်ဆောင်မှုတွေပေးနိုင်ဖို့ စစ်ဘက် ဆိုင်ရာလေ့ကျင့်သင်ကြားမှုပုံစံနဲ့ သင်ကြားမှုကို စတင်ခဲ့တာပါ။ သင်တန်းသားတွေရဲ့ဝတ်စုံကိုလည်း စစ်တပ်ဝတ်စုံအတိုင်း ပုံစံယူချုပ်လုပ်ထား တာဖြစ်ပါတယ်။ အဲဒီသင်တန်းကျောင်းမှ ကျောင်းအုပ် ချန်းဟိုက “ကျောင်းသားတွေဟာ စစ်သားတွေလိုပဲ။ သူတို့ဟာ အမိန့်အတိုင်းလုပ်နိုင်တဲ့ စွမ်းရည်ရှိနေရမယ်။ သူတို့လုပ်ဆောင်မှုတွေဟာ ညီညွတ်ပြီး စံပုံစံဖြစ်နေရမယ်”လို့ ပြောပါတယ်။ သင်တန်းကျောင်းမှာ အနှိပ်ပညာနဲ့ မိတ်ကပ်ပညာရပ်တွေကို သင်ကြားခဲ့ဖူးတဲ့ ၀မ်ဖန်အလှပြင်ဆိုင်ဝန်ထမ်းဟောင်းဝမ်မင်ကတော့ “ဒါဟာ မထူးဆန်းပါဘူး။ ရှင်တို့မြင် တဲ့အတိုင်းပဲလေ။ နိုင်ငံတ၀ှမ်းဘယ်နေရာမဆို ဒီအလှပြင်ဆိုင်တွေမှာ တိကျတဲ့စံပုံစံ တွေရှိတယ်။ ဘယ်နေရာမှာပဲတွေ့တွေ့ ပုံမှန်ဖောက်သည်တွေအနေနဲ့ ဒါဟာ ၀မ်ဖန်ကပဲ ဆိုတာသိနိုင်တယ်”လို့ ဆိုပါတယ်။
6 years Ago
Up