စစ်ဘက်

July 24, 2015

အမေရိကန် စစ်ဘက်ဂြိုဟ်တု လွှင့်တင် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ Cape Canaveral လေတပ်စခန်းကနေ စွမ်းရည်မြင့် အမေရိကန်စစ်ဘက် ဂြိုဟ်တုတလုံးကို ဇူလိုင် ၂၃ ရက်နေ့က အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအတွက် ဘိုးရင်းလေယာဉ်ကုမ္ပဏီက တည်ဆောက်ခဲ့တဲ့ စွမ်းဆောင်ရည်မြင့် Wideband Global SATCOM ဂြိုဟ်တုကို ULA Delta 4 ဒုံးပျံက သယ်ဆောင်သွားခဲ့တာပါ။ ဂြိုဟ်တုကို ဇူလိုင် ၂၂ ရက်နေ့က လွှတ်တင်ဖို့ စီစဉ်ခဲ့ပေမယ့် ရာသီဥတုအခြေအနေကြောင့် ဇူလိုင် ၂၃ ရက်နေ့မှ လွှတ်တင်နိုင်ခဲ့တာပါ။ ဒီဂြိုဟ်တုဟာ အမေရိကန်နဲ့ သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းလွှတ်တင်တဲ့ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးဂြိုဟ်တု ဖြစ်ပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သြစတြေးလျ ကာကွယ်ရေးဝန်ကြီးတို့အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စစ်ဆင်ရေးနဲ့ ဆက်သွယ်ရေးလုပ်ငန်းကို အဆတိုးဆောက်ရွက်နိုင်မယ်လို့ သတင်းတွေက ဆိုပါတယ်။ ကနေဒါနိုင်ငံကလည်း ဒီစီမံကိန်းမှာ ပူးပေါင်းပါဝင်ဖို့ မကြာခင်ကပဲ သဘောတူလက်မှတ်ရေးထိုးထားပါတယ်။
6 years Ago
Up