စစ်ဒဏ်သင့် ဆီးရီးယားက ဟုမ်းမြို့

A d v e r t i s e m e n t With Us

February 4, 2016

စစ်ဒဏ်သင့် ဆီးရီးယားက ဟုမ်းမြို့ (ရုပ်သံ)

စစ်ဘေးဒဏ်ခံရတဲ့ ဆီးရီးယားနိုင်ငံက ဟုမ်းမြို့ရဲ့ ယိုယွင်းပျက်စီးသွားတဲ့ အခြေအနေကို မောင်းသူမဲ့ လေယာဉ်ပေါ်ကနေ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို အင်တာနက် ယူကျုမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဟုမ်းမြို့ဟာ ဆီးရီးယားရဲ့ တတိယအကြီးဆုံးမြို့တော် ဖြစ်ခဲ့ပေမယ့် စစ်ပွဲဒဏ်ကြောင့် အရင်က ခမ်းနားတဲ့ တိုက်တာ အဆောက်အဦတွေက ပြိုကျပျက်စီးသွားခဲ့ပါတယ်။ ဒေသခံတွေ စွန့်ခွာသွားသလို လူသူကင်းမဲ့နေပြီး မြို့ပျက်တခုလို ဖြစ်နေတဲ့ အခြေအနေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ စစ်ရဲ့ ဆိုးဝါးတဲ့ အနိဋ္ဌာရုံတွေကို ဒီရုပ်သံဖိုင်က ဖော်ကျူးနေပါတယ်။
5 years Ago
Up