စစ်ဒဏ်ခံ ဆီးရီးယားလူငယ်များ

April 22, 2018

စစ်ဒဏ်ခံ ဆီးရီးယားလူငယ်များအတွက် ပိုကောင်းသည့်ပညာရေး မျှော်လင့်

ဆီးရီးယားလူငယ် မျိုးဆက်အတွက် ပိုကောင်းတဲ့ ပညာရေးကို မျှော်လင့်တယ်လို့ ဒူးမား ဒေသခံတွေက ပြောပါတယ်။ လက်နက်ကြီးတွေ၊ ဗုံးကြဲတာတွေကိုရှောင်ဖို့ မြေအောက်ခန်းတွေမှာ နှစ်ချီ ပုန်းအောင်ခဲ့ရတဲ့ ဒိုမာမြို့ ကလေးငယ်တွေ  ဒေသန္တရပန်းခြံထဲမှာ လွတ်လွတ်လပ်လပ် ပြန်ကစားနေကြပါပြီ။ ဆီးရီးယားအစိုးရအကူအညီနဲ့ ပြည်ပမီဒီယာတွေ ဒိုမာမြို့ထဲ ၀င်ရောက် သတင်းယူကြတဲ့အခါ ပြိုပျက်နေတဲ့ အဆောက်အအုံတွေနားမှာ သူငယ်ချင်းတွေနဲ့အတူ ဘောလုံးကန်နေတဲ့  ဆယ်နှစ်အရွယ် ဆာအစ်ကို သတင်းသမားတွေ တွေ့ခဲ့ကြပါတယ်။ ဆာအစ်ကတော့ မြေအောက်မှာ အကြောက်တရားနဲ့ ပုန်းနေခဲ့ရတာကို ပြန်ပြောပြခဲ့ပါတယ်။ “ဒိုမာမြို့ သူရဲကောင်းရင်ပြင်က ကလေးကစားကွင်းမှာ ကလေးငယ်တွေ ပြန်ကစားနေကြပါပြီ။ အဲဒီက ကလေးတွေကတော့ သူတို့ကျောင်းပြန်တက်ချင်ပြီလို့ ပြောကြပါတယ်။ ဒီကလေးတွေဟာ ပြည်တွင်း ပဋိက္ခဖြစ်ချိန် မွေးလာတဲ့ မျိုးဆက်ဖြစ်လို့ ပညာရေးမှာလည်း အကန့်အသတ်နဲ့ သင်ကြားခဲ့ကြရသူတွေပါ။ ရိုက်တာသတင်းသမားတွေ ဆုံခဲ့တဲ့ ဒေသခံ အဘူဖာရက်စ်ကတော့ စစ်ဖြစ်ချိန်မွေးခဲ့တဲ့ သူ့ကလေး ၃ ယောက်မှာ မွေးစာရင်းမရှိသလို ကျောင်းလည်း မတက်ခဲ့ကြရဘူးလို့ ပြောပါတယ်။ ဒီမျိုးဆက်ဟာ ပြီးခဲ့တဲ့ ၇ နှစ်လုံးလုံး ဘာမှမသင်ခဲ့ကြရပါဘူး။ ဒီမျိုးဆက်ကို ပညာတတ် ဖြစ်စေချင်ပါတယ်။ ဒါမှသာ ဘ၀တိုးတက်ရာတိုးတက်ကြောင်းရှိမယ်။ ရှင်းလင်းတာတွေလုပ်ပြီး အလုပ်ပြန်လုပ်လို့ရမယ်” လို့ ဒိုမာ မြို့ခံ ဖာရက်စ်က ပြောပါတယ်။ ပညာရေးဟာ ဒိုမာကကလေးတွေ ကြုံနေရတဲ့ ပြဿနာတွေထဲက တခုပါ။ နောက်တခုက ကျန်းမာရေး ပြဿနာပါ။ ကလေးအများစုဟာ သင့်တင်တဲ့ကာကွယ်ဆေး မထိုးခဲ့ကြရပါတယ်။ ပွိုင့်ဝမ်း ဆေးရုံဟာ အစိုးရ အဆောက်အအုံတွေ ထဲကတစ်ခုရဲ့မြေအောက်ခန်းမှာ ၂၀၁၃ ခုနှစ်က ဖွင့်ခဲ့တာပါ။ လူနာတင်ယာဉ် ၀င်နိုင်အောင် ကျင်းတူး ရတာမျိုးအောင်လုပ်ခဲ့ရပါတယ်။ ကျနော်တို့ ဒီမှာ သုံးမယ့် ပစ္စည်းတွေကို ဒိုမာဆေးရုံကနေ ဒီကို ရွှေ့ခဲ့ပြီးမှာ အခုလို ဆေးရုံဖွင့်နိုင်ခဲ့တာပါလို့ ပွိုင့်ဝမ်းဆေးရုံက ဆရာဝန် မာလက်အယ်လ်နက်ဂျာက ပြောပါတယ်။ ဆီးရီးယားအစိုးရဟာ ဂျေရှုအစ္စလာမ္မီ သူပုန်အဖွဲ့နဲ့ သဘောတူညီချက်ရပြီးတဲ့နောက် ဧပြီလ ၁၄ ရက်နေ့ကတည်းက ဒိုမာတမြို့လုံးကို ထိန်းချုပ်ထား လိုက်ပြီဖြစ်ပါတယ်။
4 years Ago
Up