စစ်တွင်းကာလ နစ်နာသူ အမျိုးသမီးများအတွက် ဒေါ်လာ ၁၀ သန်းနီးပါး ဂျပန်ထည့်ဝင်

A d v e r t i s e m e n t With Us

August 12, 2016

စစ်တွင်းကာလ နစ်နာသူ အမျိုးသမီးများအတွက် ဒေါ်လာ ၁၀ သန်းနီးပါး ဂျပန်ထည့်ဝင်

စစ်တွင်းကာလက ဇိမ်မယ်တွေအဖြစ် ပြုခံရသူတွေကို ထောက်ပံ့ကူညီဖို့ ထူထောင်ထားတဲ့ ဖောင်ဒေးရှင်းမှာ ဂျပန်နိုင်ငံက ရန်ပုံငွေထည့်ဝင်ဖို့ ဂျပန်-ကိုရီးယားနှစ်နိုင်ငံအကြား အခြေခံသဘောတူညီချက်ရသွားပြီဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီအိုကီရှီဒါနဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ယန်ဗျန်စဲတို့ ဒီကနေ့ တယ်လီဖုန်း ဆက်သွယ်ဆွေးနွေးသဘောတူခဲ့တာလို့ ဂျပန်အန်အိပ်ခ်ျကေသတင်းက ဆိုပါတယ်။ တောင်ကိုရီးယားက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ထူထောင်ခဲ့တဲ့ ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ ၀န်ကြီးနှစ်ဦးက အသေးစိတ်ဆွေးနွေးခဲ့ကြပြီးနောက် ဂျပန်နိုင်ငံက ဖောင်ဒေးရှင်းအတွက် ဂျပန်ယန်းငွေ တစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ ဒေါ်လာ) ထည့်ဝင်မှာဖြစ်ပါတယ်။ အခြေခံသဘောတူညီချက်အရ ဂျပန်ရဲ့ထောက်ပံ့မှုဟာ အဖွားအိုတွေရဲ့ ဆေးဘက်ဆိုင်ရာကိစ္စနဲ့ ပြုစုစောင့်ရှောက်တဲ့နေရာမှာ သုံးစွဲဖို့ဖြစ်ပြီး ရန်ပုံငွေထည့်ဝင်မှုကို စတင်တော့မယ်လို့ ကီရှိဒါက သတင်းထောက်တွေကို ပြောပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံအကြား ဒီအမျိုးသမီးတွေကိစ္စနဲ့ပတ်သက်လို့ ဖောင်ဒေးရှင်းတရပ် ထူထာင်ကူညီကြဖို့ မနှစ်ဒီဇင်ဘာလမှာ သမိုင်းဝင်သဘောတူညီချက်ရရှိခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up