စစ်တပ်၏

A d v e r t i s e m e n t With Us

September 11, 2016

စစ်တပ်၏ မြေပြင်ထိုးစစ်ရပ်ရန် ယူအန်အက်ဖ်စီ တောင်းဆို

စစ်တပ်ရဲ့မြေပြင်ထိုးစစ်တွေ အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံရေးဆွေးနွေးတဲ့နည်းနဲ့  နိုင်ငံရေး ယဉ်ကျေးမှုသစ်တရပ်ကို လက်တွေ့ ကျင့်သုံးပါလို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ယူအန်အက်ဖ်စီက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ စက်တင်ဘာ ၁၁ ရက် ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ၂၁ ရာစု ပင်လုံညီလာခံလုပ်ပေးခဲ့တဲ့ သမ္မတဦးထင်ကျော်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဂုဏ်ပြုမှတ်တမ်း တင်တယ်။ ဒါပေမယ့် အစိုးရအနေနဲ့ တပ်ဖွဲ့ အားလုံးပါဝင်ရေးကို ဆက်လက်ဖော်ဆောင်ရန် လိုအပ်နေသေး တယ်လို့လည်း ထောက်ပြထားပါတယ်။ UNFC အနေနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့လည်း ကြောညာချက်ထဲမှာ ဖော်ပြပါတယ်။ UNFC  ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်  တိုးချဲ့အစည်းအဝေးကို စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ လုပ်ခဲ့ပြီး လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပါအ၀င် နိုင်ငံရေးအခြေအနေ အရပ်ရပ်တို့အပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပါတယ်။ ယူအန်အက်ဖ်စီအဖွဲ့မှာ အစိုးရနဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ဖြစ်တဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့၊ မွန်ပြည်သစ်ပါတီ စတဲ့တပ်ဖွဲ့များ ပါဝင်ပါတယ်။
4 years Ago
Up