စစ်တပ်က ဖမ်းဆီးစဉ် သေဆုံးသွားသူ၏ အလောင်းပြန်ဖော်၊ လူသတ်မှုဖြင့် အမှုဖွင့်

A d v e r t i s e m e n t With Us

October 8, 2015

စစ်တပ်က ဖမ်းဆီးစဉ် သေဆုံးသွားသူ၏ အလောင်းပြန်ဖော်၊ လူသတ်မှုဖြင့် အမှုဖွင့်

စစ်တပ်က ဖမ်းဆီးစဉ် သေဆုံးသွားတဲ့ ဦးတူးဂျာအလောင်းကို မိသားစုတွေဆီ ပြန်ပေးပြီး ရဲတပ်ဖွဲ့ဝင်တွေက လူသတ်မှုနဲ့ အမှုဖွင့်လိုက်ပါတယ်။ ကချင်ပြည်နယ် ကာမိုင်းမြို့ ဇီးကျွန်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံ ၄ ဦးကို အစိုးရ ခြေလျင် တပ်ရင်း ၂၅၀ က ဗိုလ်မှူးရဲကျော်သူတို့အဖွဲ့ကနေပြီး ဇွန် ၁၉ ရက်နေ့က  ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဖမ်းဆီးထားစဉ်အတွင်းမှာပဲ  ဦးတူးဂျာ သေဆုံးသွားခဲ့ပါတယ်။ ဒီသေဆုံမှုနဲ့ ပတ်သက်ပြီး ဦးတူးဂျာရဲ့ မိသားစုဝင်တွေက ကာမိုင်းရဲစခန်းကို သွားရောက် အမှုဖွင့်ခဲ့သလို အလောင်းပြန်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ရဲစခန်းက အစောပိုင်း လူပျောက်မှုနဲ့ အမှုဖွင့်ခဲ့ပြီး အလောင်းရဖို့ တောင်းဆိုရာ ဒီအောက်တိုဘာ ၅ ရက်နေ့က စစ်တပ်ကနေပြီး အလောင်းကို မြှုပ်ထားခဲ့တဲ့ နေရာကို သွားပြပြီး အလောင်းကို ပြန်လည်တူးဖော်ခဲ့သလို ရဲစခန်းကလည်း လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ ဒီကိစ္စကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေ ဦးမာခါးက ပြောပါတယ်။ [caption id="attachment_115470" align="alignright" width="720"]ရှေ့နေ ဦးရောဘတ်ဆန်းအောင်နှင့် ဦးတူးဂျာ၏ ကျန်ရစ်သူမိသားစု ရှေ့နေ ဦးရောဘတ်ဆန်းအောင်နှင့် ဦးတူးဂျာ၏ ကျန်ရစ်သူမိသားစု[/caption] “စစ်တပ်ကနေ ပြန်ပေးတာပေါ့။ သူတို့ ၀န်ခံတာပေါ့နော်။ ဒီဟာကို သူတို့ ဘယ်မှာမြှုပ်ထားတယ် ဆိုတာ သူတို့စစ်သားကိုယ်တိုင် လိုက်ပြတယ်။ ရဲတွေ၊ တရားသူကြီးနဲ့ ဆရာဝန်တွေပါပြီးမှ အလောင်းဖော်ကြတာပေါ့။ ဒါပေမယ့် အလောင်းဖော်တဲ့နေရာမှာ မိသားစုနဲ့ သက်တိုင်တဲ့သူတွေချည်းပဲ သွားပြီး ကျန်တဲ့သူကို ဘယ်သူ့ကိုမှ ကြည့်ရှုခွင့်မပေးဘူးပေါ့နော်။ အခု ရဲစခန်းမှာက ပ၂၃/၂၀၁၅ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ လူသတ်မှုနဲ့ ရဲစခန်းက အမှု ဖွင့်ထားတာ ရှိတယ်။ ” ရဲတပ်ဖွဲ့က လူသတ်မှုနဲ့ အမှုဖွင့်ထားပေမယ့် ဦးတူးဂျာကို ဖမ်းဆီးနှိပ်စက်တဲ့ တပ်ရင်း ၂၅၀ က ဗိုလ်မှူး ရဲကျော်သူကို ဖမ်းဆီးစစ်ဆေးမှုတွေ မလုပ်သေးဘူးလို့ ရှေ့နေ ဦးမာခါးက ပြောပါတယ်။ သေဆုံးသွားသူ ဦးတူးဂျာမှာ သားသမီး ၆ ယောက်ရှိပြီး အငယ်ဆုံးကလေးဟာ လသား အရွယ်ဖြစ်တဲ့အတွက် မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်နေရတယ်လို့လည်း ဦးမာခါးက ပြောပါတယ်။ “အခု ဦးတူးဂျာရဲ့ ကျန်ရစ်တဲ့ ဒီမိသားစုမှာတော့ အရမ်းကို ဒုက္ခရောက်နေတယ်ပေါ့နော်။ ဆင်းရဲတဲ့ မိသားစု ဖြစ်တယ်။ နောက်ပြီး ဆွေမျိုးကြီးတွေ သိပ်မရှိတဲ့အခါကျတော့ ကလေးတွေက ၆ ယောက်ရှိတယ်။ ဆိုတော့ ဒီကလေးတွေရဲ့ ရှေ့ရေးက အရမ်းကို ခက်ခဲသွားပြီ။ ပညာရေး၊ ကျန်းမာရေးက အစပေါ့နော်။ အစိုးရတပ်မတော်ရဲ့ လုပ်ဆောင်မှုကြောင့် ဒီမိသားစုတွေက တော်တော်ကြီးကို ဘ၀ ပျက်တဲ့ အနေအထား ဖြစ်နေတယ်ပေါ့နော်။ ” ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ဇီးကျွန်းရပ်ကွက်နေ ဦးသန်းလွင်၊ ဦးဖိုးသဲနဲ့ ဦးမောင်ကြိုင်တို့ဟာ ဦးတူးဂျာအိမ်မှာ စားသောက်နေကြစဉ်မှာ ခလရ ၂၅၀ က ဗိုလ်မှူးရဲကျော်သူတို့ အဖွဲ့ကနေပြီး  လာရောက်ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူ ၄ ဦးအနက် ဦးတူးဂျာဟာ နှိပ်စက်ခံရတဲ့ဒဏ်နဲ့ ဇွန်လ ၂၆  ရက်နေ့ည က  သေဆုံးခဲ့ပြီး ကျန်တဲ့ ၃ ဦးကိုတော့ ဇွန်လ ၂၈ ရက်နေ့မှာ ငွေ ၅ သောင်းဆီပေးပြီး လွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ပြန်လွတ်လာသူတွေဟာ နယ်နှင်ဒဏ်မျိုး ကာမိုင်းကို ပြန်သွားခွင့်မပေးဘဲ တခြားနေရာမှာ သွားနေဖို့ စစ်တပ်က အမိန့်ပေးခဲ့ပါတယ်။ အခုချိန်ထိလည်း ဦးသန်းလွင်၊ ဦးဖိုးသဲနဲ့ ဦးမောင်ကြိုင်တို့ဟာ ကာမိုင်းကို မပြန်လာရဲဘဲ ဖြစ်နေကြတယ်လို့ ပြောပါတယ်။
5 years Ago
Up