စစ်တပ်ကိုယ်စားလှယ်

A d v e r t i s e m e n t With Us

February 9, 2016

ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး အခြေခံဥပဒေအတိုင်း ဆောင်ရွက်မည်ဟု စစ်တပ်ကိုယ်စားလှယ် ပြော (ရုပ်သံ)

ပုဒ်မ ၅၉ (စ)နဲ့ ပတ်သတ်ပြီး တပ်မတော်အကြီးအကဲက တိတိကျကျညွှန်ကြားထားတာ မရှိသလို အခြေခံဥပဒေအတိုင်းသာဆက်လက်ဆောင်ရွက်သွားမယ်လို့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ဒီဗွီဘီကိုပြောပါတယ်။ သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်​မှာ မဟုတ်​သလို ဆိုင်းငံမှာလည်း မလုပ်​ဘူးလို့ မ​နေ့ပြီးသွားတဲ့ တပ်​မ​တော်​ ၄ လပတ်​အစည်းအ​ဝေးမှာ ဗိုလ်​ချပ်​မှူးကြီး မင်း​အောင်​လှိုင်​က ​ပြောတယ်​လို့ တပ်​မ​တော်​ထိပ်​တန်း​ခေါင်း​ဆောင်​​တွေနဲ့ အဆက်​အသွယ်​ ရှိနေတဲ့ လွှ​တ်​​တော်​​ကော်​မရှင်​ တခုရဲ့ တာဝန်​ရှိသူတဦးက​ ပြောပါတယ်။
5 years Ago
Up