စစ်တပ်

June 30, 2019

ကိုရီးယားနှစ်နိုင်ငံ စစ်တပ်ကင်းမဲ့ဇုန်တွင် ကင်ဂျုံအန်းနှင့်ထရမ့်တွေ့ဆုံ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ဟာ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြားက စစ်တပ်ကင်းမဲ့ဇုန်မှာ ဇွန် ၃၀ ရက်က တွေ့ဆုံခဲ့ပါတယ်။ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြားက နယ်နိမိတ်မျဉ်းကို ဖြတ်ပြီး မြောက်ကိုရီးယား ပိုင်နက်ထဲကို လာခဲ့ဖို့ ကင်က ထရမ့်ကို ဖိတ်ကြားအပြီးမှာ ထရမ့်က မြောက်ကိုရီးယား နိုင်ငံထဲကို သွားခဲ့တာပါ။ မနေ့ကမှကပ်ပြီး စီစဉ်ခဲ့တဲ့ အစည်းအဝေးကို ခေါင်းဆောင်နှစ်ယောက်စလုံးက အတည်ပြုခဲ့ကြပါတယ်။ “ကင်u ထွက်လာတွေ့လို့ ကျေးဇူးတင်တယ်။ တကယ်လို့ ကင်om ပေါ်မလာခဲ့ရင် မီဒီယာတွေက ကျနော့်ကို ဆိုးဆိုးရွားရွား ဖော်ပြကြတော့မှာပဲ” လို့ ထရမ့်က ကျီစယ် ပြောဆိုပါတယ်။ ထရမ့်ဟာ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ကျင်းပတဲ့ G20 ထိပ်သီးညီလာခံကိုတက်ဖို့ ရောက်နေချိန်မှာ ကင်က နှုတ်ဆက်ပြီး တွေ့ဆုံကြဖို့ အဆိုပြုခဲ့တယ်လို့ ထရမ့်က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲဟာ သမိုင်းဝင်ပဲ၊ ကင်ကို အိမ်ဖြူတော်ဆီ ချက်ချင်းဖိတ်ဖို့ ဆန္ဒရှိတယ်လို့ ထရမ့်က ပြောပါတယ်။ ထရမ့်ဟာ သမိုင်းမှာ မြောက်ကိုရီးယားနိုင်ငံထဲ ခြေချဖူးတဲ့ ပထမဆုံး အမေရိကန် သမ္မတ ဖြစ်လာပါတယ်။ ခုတကြိမ် ထရမ့်နဲ့ ကင်တို့ တွေ့ဆုံတာဟာ တတိယမြောက်လည်း ဖြစ်ပါတယ်။
3 years Ago

April 12, 2019

စစ်တပ်ကိုဝေဖန်ခဲ့သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး အာမခံမရဘဲ အင်းစိန်ထောင်ပို့ခံရ

ဒါရိုက်တာမင်းထင်ကိုကိုကြီးကို တပ်မတော်က တရားလိုလုပ်ပြီး ပုဒ်မ ၆၆(ဃ) ပုဒ်မ ၅၀၅(က) တို့နဲ့တရားစွဲဆိုထားတဲ့အမှု ဒီကနေ့ ဧပြီ ၁၂ ရက်မနက်က ရန်ကုန် အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးမှာ အာမခံ လျောက်ထားခဲ့ရာမှာ တရားရုံးက ပယ်ချခဲ့ပါတယ်။ ဒါကြောင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရဲတပ်ဖွဲ့ဝင်တွေက  အင်းစိန်ထောင်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ကျန်းမာရေး အာမခံလျောက်ထားခဲ့ပေမယ့် တရားရုံးကတော့ ဆေးဆရာဝန်ကို မစစ်ဆေးရသေးတာကြောင့် အာမခံပေးလို့မရေ သးတာကြောင့် အာမခံကို ပယ်ချခဲ့တာလို့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့ နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ သူ့ရဲ့လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်  စာမျက်နှာမှာ တပ်မတော်အပေါ် ဝေဖန်ရေးသားခဲ့တဲ့ အကြောင်းရာ အချက်အလက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်က ဒုဗိုလ်မှူးကြီး လင်းထွန်းက တရားလိုလုပ် တရားစွဲဆိုခဲ့တာပါ။ ဓာတ်ပုံ- KO KO GYI
3 years Ago
More News
Up