စစ်တက္ကသိုလ်

April 16, 2018

ဒဏ်ရာရ တပ်မတော်သားများအား ရေပက်ဖျန်း အားပေးခဲ့သည့် ဖွေးဖွေးကို စစ်တက္ကသိုလ် ဂုဏ်ပြု

ဒဏ်ရာရ တပ်မတော်သားတွေကို အတာရေပက်ဖျန်းရင်း အားပေးခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးကို စစ်တက္ကသိုလ်မိသားစုများက ကျေးဇူးတင်ဂုဏ်ပြုလိုက်ပါတယ်။ ကျေးဇူးတင်လွှာကို စစ်တက္ကသိုလ်ဖေ့စ်ဘွတ်ခ်မှာ ဧပြီ ၁၄ ရက်က ဓာတ်ပုံတွေနဲ့တကွ အခုလို ရေးတင်ထားတာ ဖြစ်ပါတယ်။ “နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို သက်စွန့်ဆံဖျား ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေကြရသည့် တပ်မတော်သားများအား ဆေးရုံသို့သွားရောက် ပြီး အတာရေပက်ဖျန်းရင်း အားပေးခဲ့သည့် ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း စစ်တက္ကသိုလ်မိသားစုများ ကိုယ်စား ဖော်ပြအပ်ပါသည်။” ရုပ်ရှင်မင်းသမီး ဖွေးဖွေးဟာ ဧပြီ ၁၄ ရက်က မင်္ဂလာဒုံတပ်မတော်ဆေးရုံကို သွားပြီး ဒဏ်ရာရ စစ်သည်တွေကို အတာရေပက်ဖျန်း အားပေးခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - စစ်တက္ကသိုလ်  
3 years Ago
Up