စစ်ကျန်ဗုံးဟောင်း

A d v e r t i s e m e n t With Us

June 1, 2019

သာစည် သက်သော့ချောင်းတွင် စစ်ကျန်ဗုံးသီးဟောင်း ၁ လုံးတွေ့

မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ သက်သော့ရွာ အရှေ့ဘက် သက်သော့ချောင်းအတွင်း ဇွန်လ ၁ ရက်နေ့ မနက်က စစ်ကျန်ဗုံးသီးဟောင်း ၁ လုံးတွေ့ရတယ်လို့ သာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ ငရုတ်စိုက်တောင်သူ ဦးရဲညွန့် စိုက်ခင်းရေလောင်းဖို့ ရေခပ်သွားရာကနေ ရေစပ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ။ စစ်မြေပြင်အင်ဂျင်နီယာတပ်ကို စနစ်တကျ လွှဲပြောင်းပေးအပ်သွားမယ်လို့ သာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။ သံချေးတက်နေတဲ့ အဲ့ဒီဗုံးသီးဟောင်းက အလျား ၂ ပေခွဲရှိပြီး လုံးပတ် ၁ ပေခွဲလောက် ရှိတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း
2 years Ago
Up