စစ်ကျန်ကျည်ဆန်ကိုထုရိုက်ရာက ပေါက်ကွဲ၍ ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

June 5, 2018

စစ်ကျန်ကျည်ဆန်ကိုထုရိုက်ရာက ပေါက်ကွဲ၍ ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

  မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဆင်ရွာကျေးရွာမှာ ဒုတိယကမ္ဘာစစ်လက်ကျန် ကျည်ဆန်ကို ထုရိုက်ရာက ကျည်ဆန်ပေါက်ကွဲပြီး အမျိုသားတဦး သေဆုံးကာ ၄ နှစ်အရွယ် မိန်းကလေးတဦး ဒဏ်ရာရသွားတယ်လို့ ဟံဇားရွာရဲစခန်းက ပြောပါတယ်။ သာစည်မြို့နယ် ဆင်ရွာကျေးရွာမှာ မနေ့ ညနေက အသက် ၃၁ အရွယ် ကိုသိန်းဇော်ဟာ  စစ်ကျန် ကျည်ဆန်အရှည် ၂လက်မခွဲ ကျည်ဆန်ထိပ်ဖူး ၁ လက်မနီးပါးနဲ့ လုံးပတ်က ကျပ်လုံးလောက်ရှိတဲ့ ကျည်ဆန်ကို မူလီချောင်းနဲ့ ထုရိုက်ရာက ပေါက်ကွဲသွားခဲ့တာပါ။ ဟံဇားရွာရဲစခန်း စခန်းမှူးရဲအုပ် ထွန်းထွန်းဦးက "ကိုသိန်းဇော် လည်ပင်းမှာ ကျည်ပေါက် ထွက် ဒဏ်ရာရပြီး သေဆုံးသွားတယ်။ ၄ နှစ်သမီးလေးက ညာဖက်ခြေသလုံး ကျည်ပေါက် ထွက် ဒဏ်ရာရတယ်။ ဟံဇားဆေးရုံ ပို့ပေးရတယ်"လို့ ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သာစည်မြို့နယ် ဟံဇားရွာရဲစခန်းမှာ ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် စုံစမ်း စစ်ဆေးဖို့ သေမှုသေခင်း ၂/၂၀၁၈ နဲ့ အမှုဖွင့်ထားပါတယ်။ ‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
3 years Ago
Up