စစ်ကျန်ကျည်ဆန်

January 25, 2019

မိတ္ထီလာတွင် အိမ်ဆောက်ရန် ကျင်းတူးရာက စစ်ကျန်ကျည်ဆန်များ တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ နယ်မြေ(၈) ဝန်ဇင်းရပ်ကွက် သင်္ဂဟလမ်းမှာ ဇန်နဝါရီ ၂၄ ရက် ညနေက အိမ်ဆောက်ဖို့ ကျင်းတူးရာက ဒုတိယကမ္ဘာစစ်က ကျန်ရှိခဲ့တဲ့ ကျည်ဆန် ၁၁၇ တောင့်နဲ့ ကျည်ခွံ ၇ ခုတွေ့တယ်လို့ မိတ္ထီလာအမှတ် ၂ ရဲစခန်းက ပြောပါတယ်။ “အိမ်ဆောက်ဖို့ လိုင်းကျင်းတူရာက တွေ့တာပါ။ အနက် ၃ ပေ၊ အနံ ၂ ပေ နဲ့ အရှည် ၂၄ ပေ ရှိတဲ့ လိုင်းကျင်းထဲက တွေ့တယ်။ ရိုင်ဖယ်ကျည်ဆန်တွေလို့ ယူဆတယ်” လို့ မိတ္ထီလာအမှတ် ၂ ရဲစခန်း ဒုရဲအုပ်သိပ္ပံက ပြောပါတယ်။ အဲဒီကျည်ဆန် ၁၁၇ တောင့်နဲ့ ကျည်ခွံ ၇ ခုကို အမှတ် ၉၁၁ စစ်မြေပြင် အင်ဂျင်နီယာတပ်ကို လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ သတင်း-မောင်မောင်လင်း
2 years Ago
Up