စစ်ကိုင်းအလုပ်သမားသပိတ်စစ်ကြောင်း နေပြည်တော်ထိ ဆက်လက်ချီတက်

A d v e r t i s e m e n t With Us

October 25, 2016

စစ်ကိုင်းအလုပ်သမားသပိတ်ခေါင်းဆောင်အပါအ၀င် ၀န်းရံသူများကို ထောင်ဒဏ် ၅ လ ချမှတ်

စစ်ကိုင်းအလုပ်သမားသပိတ်မှာ ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ အလုပ်သမားခေါင်းဆောင်၊ ဗကသကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို ထောင်ဒဏ် ၅ လ စီပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အလုပ်သမားတွေဘက်က ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက် ပေးခဲ့တဲ့ ရှေ့နေ ဦးအောင်သူရိန်ထွန်းက “အမျိုးသမီးတွေကိုချမှတ်တဲ့ ပြစ်ဒဏ်က ချုပ်ရက်ထက် နည်းနေတော့ ချက်ချင်းလွတ်ပြီ။ ကျန်တဲ့ အမျိုးသား ၁၂ ယောက်က ပုဒ်မ ၁၄၃ ၊၁၄၅ ၊ ၅၀၅ (ခ) ပုဒ်မ ၃ ခုနဲ့ စွဲချက်တင်ထားတာဆိုတော့ ၅၀၅ (ခ)က ထောင်ဒဏ် ၃လကျ ခံရမယ်။ ပုဒ်မ ၁၄၃ နဲ့ ၁၄၅ ကို တစ်ပေါင်းတည်းကျခံစေဖို့ အမိန့်ချတဲ့အတွက် ထောင်ဒဏ် ၂ လပေါ့။ ဒါကြောင့် ၅ လကျခံရမှာဖြစ်တယ်။” လို့ ပြောပါတယ်။ စစ်ကိုင်းအလုပ်သမားသပိတ်မှာ ပါဝင်ခဲ့ ၁၅ ဦးထဲက အမျိုးသမီး ၃ ဦးကို ပုဒ်မ ၂ ခု၊ အမျိုးသား ၁၂ ဦးကို ပုဒ်မ ၃ ခုနဲ့ စွဲချက်တင်ထားတဲ့အမှုနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂၄ ရုံးချိန်းမှာ နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံးက စီရင်ချက်ချမှတ်လိုက်တာဖြစ်ပါတယ်။ ရုံးချိန်းမှာ အမျိုးသမီး ၃ ဦးကို ပုဒ်မ ၁၄၃၊ ၁၄၅ တို့နဲ့ ပြစ်ဒဏ် ၃ လကျခံဖို့ အမိန့်ချက်ခဲ့တာ ဖြစ်ပေမယ့် ချုပ်ရက်ဟာ ပြစ်ဒဏ်ထက်ကျော်လွန်နေတာကြောင့် လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ကျန်တဲ့ အလုပ်သမားခေါင်းဆောင်အပါဝင် ဗကသကျောင်းသားတွေနဲ့ ၀န်းရံသူ ၁၂ ဦးကတော့ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅ (ခ)တို့ စွဲချက်တင်ထားတာဖြစ်တဲ့အတွက် ပြစ်ဒဏ် ၅ လချခံဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပြီး ချုပ်ရက်တွေ ထုတ်နုတ်ပြီးရင် ရက် ၂၀ လောက် ပြစ်ဒဏ်ခံရဦးမှာဖြစ်ပါတယ်။
4 years Ago

May 18, 2016

စစ်ကိုင်းအလုပ်သမားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ ပိတ်ဆို့တားဆီး (ရုပ်သံ)

အလုပ်သမားအခွင့်အရေး ရရှိဖို့ နေပြည်တော်အထိ လှမ်းလျှောက်တဲ့ စစ်ကိုင်းအလုပ်သမား သပိတ်စစ်ကြောင်းဟာ ဒီနေ့ မနက် ၁၀ နာရီလောက်က နေပြည်တော်အ၀င် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပိတ်ဆို့တားဆီးခံနေရပါတယ်။ စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်မှာရှိတဲ့ အိန္ဒိယလူမျိုးပိုင် (MVPPL) သစ်အချောထည်စက်ရုံကနေ အလုပ်ထုတ်ခံရလို့ မကျေနပ်တဲ့ အလုပ်သမားတွေဟာ စစ်ကိုင်းတိုင်းဒေသကြီးကနေ နေပြည်တော်ထိ လမ်းလျေက်ချီတက်ကြရာ နေပြည်တော်ကောင်စီနယ်မြေအစ တပ်ကုန်းမြို့ အဝင် ညောင်လွန့်ကျေးရွာ မိုင်တိုင် ၂၈၄ မိုင် ၄ ဖာလုံမှာ ရဲတပ်ဖွဲ့ဝင်တွေအပါအင် ခရိုင် အထွေထွေအုပ်ချုပ်ရေးဌာန၊ အုပ်ချုပ်ရေးဋ္ဌာနတွေအပြင် အလုပ်သမားဋ္ဌာနတို့နဲ့ တွေ့ဆုံ နေကြပါတယ်။ မေလ ၁၆ ရက်နေ့မှာ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၂၉၂ မိုင် ၆ ဖာလုံမှာ ညအိပ်ပြီး ဒီနေ့ မနက်မှာ နေပြည်တော်ကို ဆက်လက်ချီတက်နေတာပါ။ စက်ရုံကနေ အလုပ်ထုတ်ခံရတဲ့ ၁၆၁ ဦးက ဆန္ဒထုတ်ဖော်မှုကို အဲ့ဒီစက်ရုံရှေ့မှာ ထိုင်သပိတ်ပြုလုပ်ကာ တောင်းဆိုနေရာကနေ နှစ်လကျော်ကြာမြင့်တဲ့အထိ ဖြေရှင်း မပေးတာကြောင့် ဧပြီ ၂၉ ရက်နေ့ ကစပြီး ချီတက်လာပါ။ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက တာဝန်ရှိသူတွေက တွေ့ဆုံညှိနှိုင်းပြီးပေမယ့် အဆင်မပြေခဲ့ပါဘူး။ MVPPL သစ်အချောထည် စက်ရုံမှာ အလုပ်သမားဦးရေ ၃၀၆ ဦးရှိကာ အိန္ဒိယလူမျိုး နိုင်ငံခြားသားဦးရေ ၃၂ ဦးရှိပါတယ်။ ရုပ်သံ - ၀င်းကိုကိုထွန်း၊ ကိုဇေယျာ
5 years Ago
Up