စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဖွဲ့စည်းအတည်ပြု

A d v e r t i s e m e n t With Us

May 21, 2018

စစ်ကိုင်းတိုင်းဒေသကြီး နယ်လုံဝန်ကြီးသစ်အစားထိုးခန့်အပ်

  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်အစား အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန်းထွန်းအောင် ကို အစားထိုး တာဝန်ပေးအပ်လိုက်ပါတယ်။ ခုလို အစားထိုး တာဝန်ပေးအပ်ဖို့  ဒီကနေ့ ပြန်လည်စတင်ကျင်းပတဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန် အစည်းအဝေးမှာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က  အမည်စာရင်း လွှတ်တော်ကို တင်ပြခဲ့တာပါ။ နယ်လုံဝန်ကြီးနေရာအတွက် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ရဲ့သဘောဆန္ဒရယူရာမှာ လွှတ်တော်က သဘောတူတဲ့အတွက် ဗိုလ်မှူးကြီးသန်းထွန်းအောင်ကို ကတိသစ္စာပြု လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။ ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်ကာလ ၂နှစ်ကျော်အတွင်း နယ်လုံဝန်ကြီး အပါအဝင် တပ်မတော်က ဗိုလ်မှူးကြီးအဆင့်ရှိသူ ၂ဦးကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် အစားထိုးခန့်အပ်လာတာလည်းဖြစ်ပါတယ်။ အခုလို ဝန်ကြီးအဆင့်ပြောင်းလဲတာက အန်အယ်လ်ဒီ အစိုးရလက်ထက် ၂ နှစ်ကျော်ကာလ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်း ပထမဆုံး အစိုးရအဖွဲ့ဝင် အပြောင်းအလဲ ဖြစ်ပါတယ်။ အခုလို နယ်လုံဝန်ကြီး ပြောင်းလဲလိုက်တဲ့အတွက် စစ်ကိုင်းတိုင်းအတွင်း တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါးကာကွယ်တားဆီးနှိမ်နင်းရေးစတဲ့ကိစ္စတွေမှာ ပိုမိုအလေးထား လုပ်ဆောင်လာနိုင်မယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်အချို့က မျှော်လင့်နေကြပါတယ်။ ၀န်ကြီး အပြောင်းအလဲနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို လွှတ်တော် အထွက်မှာ လိုက်လံမေးမြန်း သဘောထားမှတ်ချက်တောင်းခံခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။ ဒီကနေ့ ပြန်လည်ကျင်းပတဲ့ ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့မှာ လွှတ်တော် ကိုယ်စားလှယ် ၉ ဦးက ဒေသဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေကိုလည်း မေးမြန်းခဲ့ကြပါတယ်။ အစည်းအဝေးပထမနေ့မှာ တက်ရောက်ခွင့်ရှိသူ ၁၀၀ ဦးရှိတဲ့အထဲက ၉၁ ဦး တက်ရောက်ခဲ့ပါတယ်။ ကတိသစ္စာမပြုရသေးတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး နှစ်ဦးက လွှတ်တော်ဥက္ကဋ္ဌရှေ့မှာ ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။
3 years Ago

August 20, 2017

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်နှင့် အရပ်ဖက်အဖွဲ့များ ပထမဆုံးအကြိမ်တွေ့ဆုံ

ပြည်သူကိုဗဟိုပြုတဲ့ ဥပဒေတွေပြဋ္ဌာန်းတဲ့အခါ အချက်အလက်တွေ ကူညီပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ရေးရာကော်မ တီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(မုံရွာ)နဲ့ ပထမဆုံး အကြိမ် ဩဂုတ် ၂၀ ရက်နေ့က တိုင်းဒေသကြီးလွှတ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ လွှတ်တော်မှာ ပြဋ္ဌာန်းခဲ့ပြီး ဥပဒေတွေ၊ ဆွေးနွေးတော့မယ့် ဥပဒေတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ဆွေးနွေးခဲ့ကြတာပါ။ အဓိကအားဖြင့် မကြာခင် လွှတ်တော် မှာ ဆွေးနွေးဖို့စီစဉ်နေတဲ့ စည်ပင်သာယာရေးဥပဒေကို ဆွေးနွေးခဲ့ပြီး ဥပဒေမှာ စည်ပင် သာယာရေးရဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ ရငွေ၊ သုံးငွေကိစ္စတွေကိုလည်း လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းကတော့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဒီထက်မက ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့၊ လွှတ်တော်ကဏ္ဍ ပိုမိုဖွံ့ဖြိုးဖို့တွေကို ကူညီကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(မုံရွာ)အနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယပတ်ကလည်း စည်ပင်သာယာရေးနဲ့သက်ဆိုင်တဲ့ လူထုစစ်တမ်းတွေ ကောက်ယူခဲ့ပြီး ရရှိလာတဲ့ အချက်အလက်တွေကို တင်ပြဆွေးနွေးခဲ့ပါသေးတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ တိုင်းဒေသကြီးအစိုးရနဲ့လည်း ၂ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(မုံရွာ)ကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေးတွေမှာ ထိထိရောက်ရောက် ကူညီပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ပြီး ဇွန်လ ၂၆ ရက်နေ့က စတင်ကာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
4 years Ago
More News
Up