စစ်ကားတိမ်းမှောက်

A d v e r t i s e m e n t With Us

June 7, 2019

အမေရိကန် စစ်သင်တန်းကျောင်းက စစ်ကားတစီး တိမ်းမှောက်၊ ဗိုလ်လောင်း ၁ ဦးသေဆုံး

အမေရိကန်နိုင်ငံ နယူးယောက်မြို့ မြောက်ဘက်မှာ ဇွန်လ ၆ ရက်က အမေရိကန်စစ်သင်တန်းကျောင်း West Point က စစ်ကားတစီးဟာ လမ်းဘေး ချော်ကျခဲ့တာကြောင့် ဗိုလ်လောင်းတယောက် သေဆုံးပြီး ၂၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဗိုလ်လောင်းတွေရဲ့ နွေရာသီ လေ့ကျင့်ရေး အခြေစိုက်စခန်းမှာ စစ်ရေးလေ့ကျင့်မှုအတွင်း အခုလို မတော်တဆ ဖြစ်ခဲ့တာလို့ စစ်သင်တန်းကျောင်းက ပြောပါတယ်။ သစ်တောထဲမှာ စစ်ကားတစီး ဘီးတွေထောင်ပြီး မှောက်ခုံဖြစ်တဲ့ ရုပ်သံဖိုင်ကို NBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဗိုလ်လောင်းအယောက် ၂၀ နဲ့ အမေရိကန်စစ်သား ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ စစ်သင်တန်းကျောင်းရဲ့ ကြီးကြပ်ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဒါရိုင်းလ် ဝီလျံက ပြောပါတယ်။ ဒီကနေ့ဟာ West Point စစ်သင်တန်းကျောင်းနဲ့ အမေရိကန်စစ်တပ်အတွက် ဝမ်းနည်းစရာကောင်းတဲ့နေ့ ဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဝီလျံက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အသက်ဆုံးရှုံးခဲ့တဲ့ ဗိုလ်လောင်းအတွက် ဝမ်းနည်းရကြောင်းနဲ့ ဒဏ်ရာရသူတွေ အတွက်လည်း ဆုတောင်းပေးတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။
2 years Ago
Up