စင်တာ

A d v e r t i s e m e n t With Us

April 7, 2020

အိုင်ဗရီကို့စ်နိုင်ငံတွင် ဗိုင်းရပ်စ် စစ်ဆေးသည့်စင်တာတခုကို ဒေသခံများ ဖျက်ဆီး

အိုင်ဗရီကို့စ်နိုင်ငံမှာ ဆောက်လုပ်ဆဲ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ စင်တာတခုကို ဒေသခံတွေက ဖျက်ဆီးလိုက်တာကြောင့် ဧပြီ ၆ ရက်က ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ လူငယ်တွေက ပစ္စည်းတွေကို စုပုံမီးရှို့ပြီး ဆောက်လက်စ စင်တာကို ဖျက်ဆီးဖို့ လုပ်ကြပါတယ်။   ဆန္ဒပြသူ  အတော်များများဟာ နှာခေါင်းစည်းတွေ တပ်တာမျိုး၊ မျက်နှာကို ဆေးဖြူတွေ သုတ်တာမျိုးတွေ လုပ်ထားပါတယ်။ အာဏာပိုင်တွေက အဲဒီစင်တာဟာ COVID-19 လူနာတွေကို ကုသပေးမယ့် ဆေးရုံ မဟုတ်ဘဲ စစ်ဆေးတဲ့စင်တာ ဖြစ်တယ်လို့ ရှင်းပြပေမယ့် ဒေသခံတွေက သူတို့နေအိမ်တွေအနီးမှာ အဲဒီအဆောက်အအုံကို အလိုမရှိဘူးဆိုပြီး ပြောကြပါတယ်။ အဲဒီနောက် ဒေသခံတွေက စင်တာကို စတင်ဖျက်ဆီးပြီး ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဓာတ်ငွေ့တွေ ပြန်သုံးခဲ့ပါတယ်။ ဒီပဋိပက္ခမှာ ဆန္ဒပြသူရော ရဲတပ်ဖွဲ့ဝင်တွေပါ ထိခိုက်တာ မရှိခဲ့ပေမယ့် ၄ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။  ဧပြီ ၁ ရက်ကစလို့ အဘီဂျန်မြို့မှာ  ရွေ့လျား ဆေးရုံ ၃ ခု တည်ဆောက်နေပြီး ဧပြီ ၁၀ ရက်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။ ဧပြီ ၅ ရက်အထိ အိုင်ဗရီကို့စ်နိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၄၅ ယောက် ရှိတယ်လို့    CDC အာဖရိက ထုတ်ပြန်ချက်အရသိရပြီး သေဆုံးသူ ၃ ယောက်ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
11 months Ago
Up