စင်ကြပူ

September 15, 2019

စင်ကာပူ လေထုညစ်ညမ်းမှု မကျန်းမမာဖြစ်စေသည့် အဆင့်သို့ ရောက်ရှိ

စင်ကာပူနိုင်ငံမှာ ၃ နှစ်အတွင်း ပထမဆုံးအနေနဲ့ စက်တင်ဘာ ၁၄ ရက်က လေထုအခြေအနေဟာ မကျန်းမမာဖြစ်စေတဲ့အဆင့်ကို ရောက်နေပြီလို့ အမျိုးသား သဘာဝပတ်ဝန်းကျင် အေဂျင်စီ (NEA)က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေက ပြထားပါတယ်။ တောမီးတွေကြောင့် ဒေသတွင်း အငြင်းပွားမှု ပိုနက်ရှိုင်းလာမယ့် ခြိမ်းခြောက်မှုလို့ မီဒီယာတွေက သုံးသပ်ပါတယ်။  စင်ကာပူ (NEA) ရဲ့ စံသတ်မှတ်ချက် ဖြစ်တဲ့ ၂၄ နာရီ ညစ်ညမ်းမှု စံချိန်ညွှန်းကိန်းအရ မွန်းလွဲပိုင်းမှာ အဆင့် ၈၇ ကနေ ၁၀၆ ကြားမှာ ရှိနေခဲ့တာပါ။  အဆင့် ၁၀၀ နဲ့အထက်ကို မကျန်းမမာဖြစ်စေတဲ့ အဆင့်လို့ သတ်မှတ်ထားပါတယ်။ ဒါဟာ ၂၀၁၆ သြဂုတ်နောက်ပိုင်းမှာ ပထမဆုံး စံသတ်မှတ်ချက် ကျိုးပေါက်ခြင်းလို့ အချက်အလက်တွေက ပြနေပါတယ်။ ၏ စူမားတြားက မီးခိုးမြူထူတွေ အနားဝန်းကျင်က ဒေသတွင်းကို ပြန့်လာအောင် လေတိုက်လို့ စင်ကာပူကို မီးခိုးမြူတွေ ရောက်လာတာလို့ NEAက ပြောပါတယ်။  ခြောက်သွေ့ရာသီ ရောက်တိုင်း အင်ဒိုနီးရှားနိုင်ငံထဲက ပျော့ဖတ်ပင်တွေနဲ့ ဆီအုန်းပင် စိုက်ခင်းတွေအတွက် မြေရှင်းဖို့ တောမီးရှို့ကြလို့ ဒေသတွင်း ကောင်းကင်တွေမှာ မီးခိုးတိမ် တွေ ဖုံးတတ်ပါတယ်။  ဒါကြောင့် ပြည်သူ့ကျန်းမာရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ လေကြောင်းလိုင်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှု မြင့်တက်နေပါတယ်။ ========================= စင္ကာပူ ေလထုညစ္ညမ္းမႈ မက်န္းမမာျဖစ္ေစသည့္ အဆင့္သို႔ ေရာက္ရွိ DVB စင္ကာပူႏိုင္ငံမွာ ၃ ႏွစ္အတြင္း ပထမဆုံးအေနနဲ႔ စက္တင္ဘာ ၁၄ ရက္က ေလထုအေျခအေနဟာ မက်န္းမမာျဖစ္ေစတဲ့အဆင့္ကို ေရာက္ေနၿပီလို႔ အမ်ိဳးသား သဘာဝပတ္ဝန္းက်င္ ေအဂ်င္စီ (NEA)က ထုတ္ျပန္တဲ့ သတင္းအခ်က္အလက္ေတြက ျပထားပါတယ္။ ေတာမီးေတြေၾကာင့္ ေဒသတြင္း အျငင္းပြားမႈ ပိုနက္ရႈိင္းလာမယ့္ ၿခိမ္းေျခာက္မႈလို႔ မီဒီယာေတြက သုံးသပ္ပါတယ္။ စင္ကာပူ (NEA) ရဲ႕ စံသတ္မွတ္ခ်က္ ျဖစ္တဲ့ ၂၄ နာရီ ညစ္ညမ္းမႈ စံခ်ိန္ၫႊန္းကိန္းအရ မြန္းလြဲပိုင္းမွာ အဆင့္ ၈၇ ကေန ၁၀၆ ၾကားမွာ ရွိေနခဲ့တာပါ။ အဆင့္ ၁၀၀ နဲ႔အထက္ကို မက်န္းမမာျဖစ္ေစတဲ့ အဆင့္လို႔ သတ္မွတ္ထားပါတယ္။ ဒါဟာ ၂၀၁၆ ၾသဂုတ္ေနာက္ပိုင္းမွာ ပထမဆုံး စံသတ္မွတ္ခ်က္ က်ိဳးေပါက္ျခင္းလို႔ အခ်က္အလက္ေတြက ျပေနပါတယ္။ ၏ စူမားၾတားက မီးခိုးျမဴထူေတြ အနားဝန္းက်င္က ေဒသတြင္းကို ျပန႔္လာေအာင္ ေလတိုက္လို႔ စင္ကာပူကို မီးခိုးျမဴေတြ ေရာက္လာတာလို႔ NEAက ေျပာပါတယ္။ ေျခာက္ေသြ႕ရာသီ ေရာက္တိုင္း အင္ဒိုနီးရွားႏိုင္ငံထဲက ေပ်ာ့ဖတ္ပင္ေတြနဲ႔ ဆီအုန္းပင္ စိုက္ခင္းေတြအတြက္ ေျမရွင္းဖို႔ ေတာမီးရႈိ႕ၾကလို႔ ေဒသတြင္း ေကာင္းကင္ေတြမွာ မီးခိုးတိမ္ ေတြ ဖုံးတတ္ပါတယ္။ ဒါေၾကာင့္ ျပည္သူ႔က်န္းမာေရး၊ ကမာၻလွည့္ ခရီးသြားလုပ္ငန္းနဲ႔ ေလေၾကာင္းလိုင္းေတြနဲ႔ ပတ္သက္ၿပီး စိုးရိမ္မႈ ျမင့္တက္ေနပါတယ္။
2 years Ago
Up