စင်ကာပူရဲတပ်ဖွဲ့

October 8, 2021

စင်ကာပူရဲတပ်ဖွဲ့က စက်ရုပ် အများပြည်သူလမ်းပေါ် တာဝန်ထမ်းဆောင်မည်

စင်ကာပူနိုင်ငံမှာ ရဲတပ်ဖွဲ့တာဝန်ထမ်းဆောင်နေတဲ့ စက်ရုပ် 'Xavier' ဟာ လမ်းမတွေပေါ်မှာ ကင်းလှည့်ရင်း နိုင်ငံကြီးသား မပီသတဲ့ မြို့သားမဆန် ပြုမူသူတွေကို သတိပေးချက်တွေ၊ လမ်းညွှန် အကြံပြုချက်တွေ ထုတ်ပြန်ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ 

စင်ကာပူရဲ့ Home Team သိပ္ပံနဲ့နည်းပညာအေဂျင်စီမှတီထွင်တဲ့ မျက်လုံးခုနစ်လုံး (သို့) ကင်မရာတွေပါရှိတဲ့စက်ရုပ်ဟာ ဘီးလေးဘီးပေါ်မှာ လိမ့်နေတာပါ။

 အလိုအလျောက်မောင်းနှင်နိုင်တဲ့ စက်ရုပ်နှစ်စီးဟာ စက်တင်ဘာလက ကင်းလှည့်ခဲ့ပြီး လူစည်ကားတဲ့ ဈေးဝယ်နေရာနဲ့ လူနေဧရိယာမှာ မှားယွင်းတဲ့ အပြုအမူတွေကို စောင့်ကြည့်ခဲ့ ပါတယ်။ 

ခြေကျင်လျှောက် လူသွားလမ်းတွေပေါ်မှာ စကူတာဆိုင်ကယ်တစီး မှားယွင်းရပ်ထားတာကို တွေ့ရတဲ့အခါ Xavier စက်ရုပ်ရဲ့မျက်နှာပြင်ပေါ်မှာ မော်တော်ဆိုင်ကယ်တွေ မစီးရ၊ မရပ်နားရပါ ဆိုတဲ့ စာတန်းက တဖျပ်ဖျပ်နဲ့ပေါ်လာပါတယ်။ 

စက်ရုပ်တွေကို တရားမ၀င်ဆေးလိပ်သောက်ခြင်းနဲ့ လက်ရှိ COVID-19 အုပ်စုအရွယ်အစား ကန့်သတ်ချက်ထက်ကျော်လွန်နေတဲ့ လူစုဝေးခြင်းတွေကို စောင့်ကြည့်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ စမ်းသပ်ကာလအတွင်းမှာ လူတွေကို သင့်တော်မှန်ကန်တဲ့ အပြုအမူတွေအတွက် ပညာပေးဖို့နဲ့ စောင့်ကြည့်ဖို့အတွက်သာ  စက်ရုပ်တွေကို အသုံးပြုမှာဖြစ်ပြီး ဥပဒေစိုးမိုးရေးအတွက် သုံးမှာမဟုတ်ဘူးလို့ စင်ကာပူအာဏာပိုင်တွေက ပြောပါတယ်။

3 weeks Ago
Up